ယနေ့ညတွင် စီးရီးအေပွဲစဉ် (၁) ပွဲ၊ လာလီဂါပွဲစဉ် (၁) ပွဲနှင့် ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ကာဂလီယာရီ နှင့် အင်တာမီလန် (စနေနံနက် ၂:၀၀ နာရီ)
အင်တာမီလန်ရဲ့ တိုက်စစ်ပြဿနာ အမှန်တကယ်ပြေလည်သွားပြီလား။ အီကာဒီ မပါဝင်ဘဲ နောက်ဆုံး (၃)ပွဲမှာ (၆) ဂိုးအထိ သွင်းယူနိုင်ခဲ့တာဟာ အင်တာမီလန်ရဲ့ ယုံကြည်စိတ်ကို ဗားရှင်းမြှင့်လိုက်သလိုဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကာဂလီယာရီက ဒီရာသီအိမ်ကွင်းမှာ အေစီမီလန်၊ ရိုမားအသင်းတွေကို သရေကစားထားနိုင်ပြီး နာပိုလီကို ကပ်ရှုံးထားလို့ အင်တာမီလန် ပေါ့ဆလို့မရဘူး။ ကာဂလီယာရီ တစ်မှတ်ရသွားနိုင်ပါတယ်။
ဗယ်လက်ကာနို နှင့် ဟီရိုနာ (စနေနံနက် ၂:၃၀ နာရီ)
ဒီပွဲကလည်း မက်ဒရစ် - ကတ်တလန်အားပြိုင်မယ့်ပွဲပါပဲ။ နောက်ဆုံးကစားထားတဲ့ အဝေးကွင်းပွဲမှာ ရီးယဲလ်မက်ဒရစ်ကိုတောင် အနိုင်ကစားထားတဲ့ ဟီရိုနာအတွက် ဗယ်လက်ကာနိုဟာ စိုးရိမ်စရာမရှိဘူးလို့ထင်နို်င်ပေမယ့် အိမ်ရှင်ရဲ့ရုန်းအားကိုတော့ ထည့်တွက်ရမယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပါပဲ။
အော့စ်ဘတ် နှင့် ဒေါ့မွန် (စနေနံနက် ၂:၀၀ နာရီ)
ဒေါ့မွန်အသင်း နိုင်ပွဲပြန်ရှာတွေ့တာနဲ့ အချိန်ကိုက်ပဲ အသင်းခေါင်းဆောင် မာကိုရွိုက်စ်လည်း ဒဏ်ရာက ပြန်ကောင်းလာတယ်။ အော့စ်ဘတ်ခံစစ်ကြောင့် ဒေါ့မွန်ဘက်ကပဲ ရပ်တည်သင့်တယ်။