ရီးယဲလ်မက်ဒရစ်အသင်းတွင် ပါဝင်ကစားရန်ထိုက်တန်သည့် စိတ်ဓာတ်ပိုင်းနှင့် အရည်အသွေးများကို ဟာဇက် ပိုင်ဆိုင်ထားသည်ဟု မော်ရင်ဟိုဆို 

ရီးယဲလ်မက်ဒရစ်အသင်းတွင် ပါဝင်ကစားရန်ထိုက်တန်သည့် စိတ်ဓာတ်ပိုင်းနှင့် အရည်အသွေးများကို ဟာဇက် ပိုင်ဆိုင်ထားသည်ဟု မော်ရင်ဟိုဆို 
Photos : Gettyimages
Photos : Gettyimages
Published 26 February 2019

ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူစသည့် ဥရောပထိပ်တန်းအသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် ပေါ် တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုက ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဟာဇက်သည် စပိန်ထိပ်သီး ရီးယဲလ် မက်ဒရစ်အသင်းတွင် ပါဝင်ကစားရန်ထိုက်တန်သည့် စိတ်ဓာတ်ပိုင်းနှင့် အရည်အသွေးများကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။                     

ဟာဇက်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က မန်စီးတီးအသင်းနှင့် လိဂ်ဖလားဗိုလ်လုပွဲတွင် ခြေစွမ်းပြကစားနိုင် ခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

သို့ဖြစ်ရာ မော်ရင်ဟိုက ယခုရာသီတွင် ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသည့်  ချယ်လ်ဆီးအသင်းမှ ထွက်ခွာကာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများထွက်ပေါ်နေသည့် ဟာဇက်မှာ ရီးယဲလ်မက်ဒရစ်အသင်း၌ ပါဝင်ကစားရန် ထိုက်တန်သူဖြစ်ကြောင်း Sky Sports သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုက ''သူ့အနေနဲ့ ရီးယဲလ်အသင်းမှာ ပါဝင်ကစားဖို့ ထိုက်တန်တဲ့ အရည်အသွေးနဲ့စိတ်ဓာတ်ပိုင်းကို ပိုင်ဆိုင်ထားသလားလို့ မေးလာမယ်ဆိုရင် 'ဟုတ်ကဲ့' လို့ပဲ ဖြေရမှာပါ။ သူ့ရည်မှန်းချက်ကို လေးစားပါတယ်။ ဒါကြောင့် သူ့အနေနဲ့  ချယ်လ်ဆီးမှာပဲ တစ်သက်လုံးကစားမလား၊ ရီးယဲလ်လိုအသင်းမျိုးကို ပြောင်းရွှေ့ကစားမလားဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent