ဘန်လေအား ရှုံးနိမ့်ခဲ့သောပွဲအပြီး ဒိုင်လူကြီး မိုက်ဒင်းအား ရင်ဆိုင်ရန်တွေ့ခဲ့ခြင်းအတွက် ပိုချက်တီနို ပြန်လည်တောင်းပန်

ဘန်လေအား ရှုံးနိမ့်ခဲ့သောပွဲအပြီး ဒိုင်လူကြီး မိုက်ဒင်းအား ရင်ဆိုင်ရန်တွေ့ခဲ့ခြင်းအတွက် ပိုချက်တီနို ပြန်လည်တောင်းပန်
Photo : AFP
Photo : AFP
Published 25 February 2019

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ - စပါးပွဲအပြီးတွင် ကွင်းလယ်ဒိုင် မိုက်ဒင်းကို ရင်ဆိုင်ရန်တွေ့ခဲ့ခြင်းအတွက် စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြန်လည်တောင်းပန်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

စပါးအသင်းသည် ယင်းပွဲတွင် အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပိုချက်တီနိုသည် ပွဲချိန်အတွင်း ဒိုင်လူကြီး ၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ ကွင်းဘေးစည်းရှိ အရန်ဒိုင်လူကြီးထံသို့ မကြာခဏသွားရောက်စောဒကတက်ခဲ့သည်။

ပွဲချိန် (၅၇)မိနစ်တွင် ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်က အဖွင့်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ပြီး ယင်းထောင့်ကန်ဘောပေးခဲ့ရခြင်းအ တွက်လည်း ပိုချက်တီနိုက ဒေါသပေါက်ကွဲခဲ့သည်။

ထို့ ပြင် စပါးနောက်ခံလူ ဒန်နီရို့စ်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် ဘန်လေနောက်ခံလူ ဘာစလေအား (၂)၀ါ၊(၁)နီပြကာ မထုတ်ပယ်ခြင်းအတွက်လည်း မိုက်ဒင်းကို ပိုချက် တီနိုက ဒေါသထွက်ခဲ့သည်။

ပွဲအပြီးတွင် ပိုချက်တီနိုသည် ကွင်းအတွင်း နှစ်ဖက်ကစားသမားများကို နှုတ်ဆက်နေသော မိုက်ဒင်းအား ရင်ဆိုင်၍ သူ၏မကျေနပ်မှုကို ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောကြားအပြီး ကျောခိုင်းထွက်ခွာသွားသော ပိုချက်တီ နိုအား မိုက်ဒင်းက တစ်စုံတစ်ခု လှမ်း၍ပြောကြားခဲ့ရာ ယင်းစကားကို ပိုချက်တီနိုသည် ဒေါသထွက်ခဲ့ပြီး ပြန်လှည့် လာကာ ဒေါသတကြီးအော်ဟစ်ရန်တွေ့ခဲ့သည်။

ဒိုင်လူကြီး မိုက်ဒင်းနှင့် ပိုချက်တီနိုတို့ အပြန်အလှန်စကားများ နေခြင်းကို စပါးအသင်းနည်းပြအဖွဲ့နှင့် ဘန်လေကစားသမားအချို့က ကြားဝင်ဖျန်ဖြေခဲ့ရပြီး ပိုချက်တီနိုကို ကွင်းဘေးသို့ ဆွဲခေါ်သွားခဲ့ကြသည်။

၎င်း၏အပြုအမူများနှင့်ပတ်သက်၍ ပိုချက်တီနိုက ပြန်လည်တောင်းပန်ခဲ့ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ပိုချက်တီနိုက ''ကျွန်တော် အမှားတစ်ခု ပြုလုပ်ခဲ့တာပါ။ ဒီပွဲက ဘယ်လောက်အရေးပါသလဲဆို တာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် စိတ်ပျက်လက် ပျက်ဖြစ်ပြီး ဒီလိုပြုလုပ်မိတာပါ။ ကျွန်တော့်အနေနဲ့ ပွဲအ ပြီးမှာ အဝတ်လဲခန်းထဲကို သွားပြီး ရေသောက်နေသင့်ပါ တယ်။ ဒီလိုတုံ့ပြန်လိုက်တော့ မိုက်မဲတာတွေဖြစ်ခဲ့တာ ပေါ့။ ကျွန်တော် ဒိုင်လူကြီးကို သွားတွေ့ပြီး တောင်းပန်ဖို့ ကြိုးစားပါမယ်''ဟု ပြောကြားခဲ့သည်။

ပိုချက်တီနိုသည် ပွဲအပြီးတွင် ဒိုင်လူကြီး မိုက်ဒင်းကို ဒေါသတကြီး ရန်တွေ့စကားများ ပြောကြားခဲ့သော်လည်း ပြိုင်ဘက် ဘန်လေအသင်း၏ကစားသမားများကို ရင်းနှီး စွာပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ယင်းပွဲတွင် အနိုင်ရရှိခဲ့သည့် ဘန်လေအသင်းကို ချီးကျူးကြောင်းလည်း ပြောကြား ခဲ့သည်။

Most Read

Most Recent