ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော မန်ယူ (၀-၀) လီဗာပူးလ်ပွဲတွင် မန်ယူကစားသမားများစွာ ဒဏ်ရာရရှိခဲ့ကြပြီး အသင်း၏ဒဏ်ရာရကစားသမားအရေအတွက်မှာ (၈)ဦးအထိရှိ လာခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် မန်ယူကစားသမား (၃)ဦးဖြစ်သော ဟာရဲရား၊ မာတာနှင့် လင်ဂတ်တို့မှာ ပထမပိုင်းတွင်ပင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး (၃)ဦးစလုံးကို လူစားလဲခဲ့ရသည်။
လင်ဂတ်မှာ ပွဲထွက်လူစာရင်းတွင် မပါဝင်ခဲ့ဘဲ ဒဏ်ရာရရှိသွားသော မာတာ၏ နေရာကို (ပွဲချိန် ၂၅ မိနစ်တွင်) လူစား ဝင်ကစားစေခဲ့ပြီး ပွဲချိန် (၄၃) မိနစ်တွင် ၎င်းကို ထပ်မံလူစားလဲခဲ့ရခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မန်ယူအသင်း၏ ယာယီနည်းပြ ဆိုးလ်ရှားမှာ ပထမပိုင်းမပြီးမီပင် ကစားသမား(၃)ဦးစလုံး လူစားလဲခဲ့ရခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် နောက်ထပ် မန်ယူကစားသမား တစ်ဦး ထပ်မံဒဏ်ရာမရရှိစေရန် မန်ယူပရိသတ်များ စိုးရိမ်ခဲ့ကြရသည်။
မန်ယူအသင်းတွင် မာစီယဲလ်၊ မာ တစ်၊ ဒါမီယန်၊ ရိုဟို၊ ဗလင်စီယာ အစ ရှိသည့် ကစားသမားများမှာလည်း ဒဏ်ရာများ အသီးသီးရရှိနေကြပြီး လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာလည်း ယင်းပွဲတွင် (ပွဲချိန်ပြည့် ကစားသွား ခဲ့သော်လည်း) ဒူးဒဏ်ရာနာကျင်မှု ဝေဒနာကို ခံစားရဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့ သည်။