ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာရန် ဂါရတ်ဘေးလ်ကို ဘာဘာတော့ဗ် တိုက်တွန်း

ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာရန် ဂါရတ်ဘေးလ်ကို ဘာဘာတော့ဗ် တိုက်တွန်း
Photos: Getty Images & AS
Photos: Getty Images & AS
Published 24 February 2019

မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က စပါးအသင်းဖော်ဟောင်း ဂါရတ်ဘေးလ်ကို ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာရန်တိုက်တွန်းပြောကြားခဲ့သည်။

ဂါရတ်ဘေးလ်နှင့် ဘာဘာတော့ဗ်တို့သည် ၂၀၀၇ ခုနှစ်က စပါးအသင်းတွင် တွဲဖက်ကစားခဲ့ဖူးသည်။

ဘာဘာတော့ဗ်က ဂါရတ်ဘေးလ်အနေဖြင့် စွမ်းဆောင်မှုကို အသိအမှတ်မပြုဘဲ လှောင်ပြောင်ခံနေရသည့် ရီးယဲလ်မက်ဒရစ်အသင်းတွင် မနေသင့်တော့ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာဘာတော့ဗ်က ''ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပေမယ့် တစ်ခုခုမှားတာနဲ့ အပြစ်တင်ခံရတော့တာပါပဲ။ ဒါဟာ မျှတမှုမရှိပါဘူး။ ဒီရာသီ ဂါရတ်ဘေးလ်ရဲ့စွမ်းဆောင်မှုကိုကြည့်လိုက်ပါ။ သူဟာ ပွဲ (၃၀) ကစားပြီး (၁၂) ဂိုးသွင်းထားနိုင်ပါတယ်။ သူအကောင်းဆုံးစွမ်းဆောင်နိုင်တုန်းပါပဲ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေက တခြားအကြောင်းပြချက်တွေနဲ့ ဘေးလ်ကို လှောင်ပြောင်နေကြပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ကို အသိအမှတ်မပြုတဲ့ နေရာမှာမနေသင့်ပါဘူး'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဘာဘာတော့ဗ်က ဘေးလ်ကို ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားစေလိုသည်ဟုလည်း ပြောကြားခဲ့သည်။

၄င်းက '' ဘေးလ်လို ပေါင်သန်း (၁၀၀) လောက်တန်တဲ့ကစားသမားကို စပါးအသင်းက ပြန်ခေါ်ဖို့ တတ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘေးလ်ဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လို့ ဘယ်အသင်းမှာမဆို အကောင်းဆုံးကစားနိုင်စွမ်းရှိပါတယ်။ ကျွန်တော်ကတော့ ဘေးလ်ကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့လိုပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent