ဂျာမန်ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 5 February 2019

ဟမ်းဘတ် နှင့် နုရင်ဘတ် (ဗုဒ္ဓဟူးနံနက် ဝဝးဝ၀ နာရီ)

ဟမ်းဘတ်က ဘွန်ဒစ်လီဂါ-၂ပြိုင်ပွဲကို ဦးဆောင်နေပြီး တန်းပြန်တက်ဖို့ အားယူနေတဲ့အသင်းပါ။ နုရင်ဘတ်ကတော့ ဂျာမန်ဖလားထက် ဘွန်ဒစ်လီဂါရှင်သန်ခွင့်ပဲ ပိုအာရုံစိုက်မလား စောင့်ကြည့်ရမယ်။ ဟမ်းဘတ်ပဲ နိုင်ဖို့များတယ်။

ဟန်းဟိုင် နှင့် လေဗာကူဆင် (ဗုဒ္ဓဟူးနံနက် ဝဝးဝ၀ နာရီ)

ဘွန်ဒစ်လီဂါ-၂မှာ ဟန်းဟိုင်က ခြေတက်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ရှုံးပွဲမရှိသေးပါဘူး။ လေဗာကူဆင်ကလည်း နောက်ဆုံးပွဲမှာ ဘိုင်ယန်ကိုအနိုင်ရထားပေမယ့် ခြေစွမ်းမှန်းဆရခက်လို့ ဂိုးပြတ်ဖို့ခက်နိုင်တယ်။

ဒုစ်ဘတ် နှင့် ပါဒါဘွန်း (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဘွန်ဒစ်လီဂါ-၂အသင်းအချင်းချင်း တွေ့ဆုံကြတာဖြစ်ပေမယ့် ဒုစ်ဘတ်က တန်းဆင်းဇုန်အန္တရာယ်စက်ဝန်းထဲ ကျရောက်နေတဲ့အသင်းပါ။ အဝေးကွင်းဖြစ်ပေမယ့် ပါဒါဘွန်းကိုပဲ ရွေးချယ်ချင်တယ်။

ဒေါ့မွန် နှင့် ၀ါဒါဘရီမင် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ပြီးခဲ့တဲ့အဆင့်တွေမှာ ဒေါ့မွန်က အောက်တန်းအသင်းတွေကို အချိန်ပိုကစားပြီးမှ နိုင်ပွဲရခဲ့တာပါ။ အခုပွဲပြီးရင် ဒေါ့မွန်က ဟော်ဖန်ဟင်မ်၊ စပါးအသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက် ကစားရဖို့ရှိနေလို့ ကစားသမားပိုင်းမှာ အပြောင်းအလဲတချို့ရှိလာနိုင်တယ်။ ဒီ(၂) သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အကြိတ်အနယ် ရှိတတ်လို့

Most Read

Most Recent