တရုတ်ကလပ်အသင်းနှင့် ဟမ်ဆစ်ဆွေးနွေးနေဟု နာပိုလီ အတည်ပြု

တရုတ်ကလပ်အသင်းနှင့် ဟမ်ဆစ်ဆွေးနွေးနေဟု နာပိုလီ အတည်ပြု
Photos : Reuters
Photos : Reuters
Published 4 February 2019

နာပိုလီအသင်းခေါင်းဆောင် ဟမ်ဆစ်အနေဖြင့် တရုတ်ကလပ်အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေကြောင်း နည်းပြ အန်ဆယ်လော့တီက အတည်ပြုပြောကြားသည်။

ဥရောပလိဂ်ပြိုင်ပွဲများ၏ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြီးဆုံးသွားပြီဖြစ်သော်လည်း တရုတ်စူပါလိဂ်ပြိုင်ပွဲမှာမူ မတ်လမှ စတင်မည်ဖြစ်သောကြောင့် ဟမ်ဆစ် အား ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

၎င်းအား ကွမ်ကျိုးအဲဗားဂရန်းနှင့် ဟူဘေးဖော်ကျွန်းအသင်းတို့က စိတ်ဝင်စားနေသော်လည်း ဒါလီယန်ယီဖန်အသင်းနှင့် သဘောတူညီမှုရရန် နီးစပ်နေကြောင်း သိရ သည်။

အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်၍ အန်ဆယ်လော့တီက ''ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အခြေအနေကို ချိန်ဆနေတုန်းပါပဲ။ နာပိုလီအသင်းအနေနဲ့ ဟမ်ဆစ်အပေါ် လေးစားမှုရှိပါတယ်။ ဒါပေမဲ့ အတွေ့အကြုံသစ်ရှာဖို့ ဆန္ဒရှိတယ်ဆိုရင် သူပျော်ရွှင်အောင်ပဲ လုပ်ပေးချင်ပါတယ်''ဟု ပြောကြားသည်။

ဆလိုဗက်ကီးယားလက်ရွေးစင် ဟမ်ဆစ်သည် နာပိုလီအသင်းအတွက် ၅၁၉ ပွဲကစား ၁၂၁ ဂိုးသွင်းယူကာ ပွဲအများဆုံးနှင့် ဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသူဖြစ်သည်။

Most Read

Most Recent