ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 4 February 2019

ဝက်စ်ဟမ်း နှင့် လီဗာပူးလ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းက အာဆင်နယ်ကို  အနိုင်ရခဲ့ပြီးနောက် ဘုန်းမောက်၊ ဝုလ်ဗ်တို့ကို ဆက်တိုက်ရှုံးခဲ့ပြီး ဂိုးတွေအများကြီးပေးခဲ့ရတယ်။ ကြားထဲမှာလည်း ဝင်ဘယ်လ်ဒန်လိုအသင်းမျိုးကို ဂိုးပြတ်ရှုံးခဲ့တာရှိသေးတယ်။ ဝက်စ်ဟမ်းရဲ့ခြေစွမ်းက ကောင်းရင် ဆက်တိုက်ကောင်းနေတတ်ပြီး ပျက်ရင်လည်း ထိန်းလို့မရအောင် ပျက်သွားတတ်တာမျိုးဖြစ်နေတယ်။ တိုက်စစ်ဂိုးသွင်းနှုန်းနဲ့ တည်ဆောက်ထားတဲ့အသင်းက တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေရှားပါးလာတဲ့အချိန်၊ ခံစစ်ကလည်း ထုံးစံအတိုင်းအားနည်းနေတဲ့အချိန်မှာ ရလဒ်တွေဆိုးလာတာ သိပ်တော့မဆန်းဘူး။ လီဗာပူးလ်ကလည်း နောက်ပိုင်းပွဲတွေမှာ ခံစစ်ပြဿနာပေါ်လာတာတွေ့ရတယ်။ တစ်ရာသီလုံးပေးရတဲ့ဂိုးတွေထဲမှာ နောက်ပိုင်း(၄၊ ၅)ပွဲမှာပေးရတဲ့ဂိုးအရေအတွက်က ရာခိုင်နှုန်းတော်တော်များများပါဝင်နေတယ်။ ဒါပေမဲ့ ရလဒ်ပိုင်းအရဆိုရင်တော့ ရှုံံးသင့်တဲ့ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကိုပဲ ရှုံးပြီး နိုင်သင့်တဲ့ပွဲတွေ အကုန်နိုင်ခဲ့တာ၊ တိုက်စစ်ပိုင်းမှာ ဆာလာ ဂိုးပေါက်ပြန်တွေ့လာပြီး တစ်သင်းလုံးအနေနဲ့လည်း တိုက်စစ်ဂိုးသွင်းနှုန်းတက်လာတာတွေကို တွေ့ရတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းသာ ပုံမှန်ခြေမျိုးရှိရင် လီဗာပူးလ်အတွက် ခက်ခဲမယ့်ပွဲပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းက ပုံစံပျက်၊ စိတ်ဓာတ်ပျက်နေတဲ့အသင်းဖြစ်နေလို့ လီဗာပူးလ် နိုင်ပွဲယူနိုင်ပါလိမ့်မယ်။

ဗယ်လက်ကာနို နှင့် လီဟာနက်စ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

တန်းဆင်းဇုန်ထဲက ရုန်းထွက်လာနိုင်ပြီး ခြေစွမ်းပိုင်းပါ သိသိသာသာတက်လာနေတဲ့ ဗယ်လက်ကာနိုရဲ့ အိမ်ကွင်းအားက လီဟာနက်စ်ကိုလည်း အခက်တွေ့စေဦးမှာပါပဲ။ လီဟာနက်စ် အဝေးကွင်းမှာ ထိန်းကစားတတ်ပေမယ့် ယုံကြည်မှုအားပိုကောင်းနေတဲ့ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ဖရိုဆီနိုနီ နှင့် လာဇီိယို (အင်္ဂါနံနက် ဝဝး၃၀ နာရီ)

ဖရိုဆီနိုနီက တန်းဆင်းဇုန်လွတ်မြောက်ရေးလမ်းစကို မြင်တွေ့စပြုပြီလား။ နောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို ဂိုးပြတ်အလဲထိုးလိုက်နိုင်တာ ဖရိုဆီနိုနီအတွက် အားဆေးတစ်ခွက်ဖြစ်သလို၊ အိမ်ကွင်းနောက်ဆုံး (၅)ပွဲမှာ (၃)ပွဲအထိ အမှတ်လုယူထားနိုင်လို့ လာဇီယိုကိုလည်း ခပ်မာမာတုံ့ပြန်ဦးမယ်ထင်တယ်။ လာဇီယိုကလည်း နောက်ပိုင်းမှာ အဝေးကွင်းအိပ်မက်ဆိုးတွေ မက်နေလို့ ကပ်နိုင်ရုံပါပဲ။

ကာဂလီယာရီ နှင့် အတ္တလန်တာ (အင်္ဂါနံနက် ၂း၃၀ နာရီ)

ကာဂလီယာရီက ခံစစ်မလုံခြုံမှုပြဿနာကြား နစ်မွန်းနေပြီး အတ္တလန်တာကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ဂိုးမုန်တိုင်းဆင်နွှဲနေပါတယ်။ အတ္တလန်တာက နောက်ဆုံး(၅)ပွဲမှာ သွင်းဂိုး (၁၈)ဂိုးအထိ ပိုင်ဆိုင်ထားပြီး ပုံမှန်အတိုင်းဆို ကာဂလီယာရီခံစစ်ကိုလည်း ဂိုးသွင်းနိုင်ပါဦးမယ်။ အဝေးကွင်းနောက်ဆုံး(၇)ပွဲမှာ (၅)ပွဲနိုင်ထားတဲ့ အတ္တလန်တာကြောင့်  ကာဂလီယာရီ တစ်မှတ်ထက် ပိုမျှော်လင့်လို့မရပါဘူး။ ဇာပါတာ ရဲ့ သွင်းဂိုးတွေမြင်ရဦးမယ်။ အတ္တလန်တာ နိုင်ဦးမယ်။

Most Read

Most Recent