စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာခဲ့တဲ့ ချယ်လ်ဆီး

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာခဲ့တဲ့ ချယ်လ်ဆီး
Photos: Reuters & AP
Photos: Reuters & AP
Published 2 February 2019

■ ချယ်လ်ဆီး ၅-၀ ဟတ်ဒါဖီးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) စနေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဟတ်ဒါဖီးလ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ (၅-၀) ဂိုးနဲ့အနိုင်ယူပြီး ကျေနပ်စရာပုံစံကိုပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၄) ဂိုးပြတ်ရှုံးနိမ့်ထားလို့ ဖိအားများနေတဲ့ ဆာရီနဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာတော့ တစ်ပွဲလုံးနီးပါးပုံစံကောင်းကိုပြပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖန်တီးခဲ့တာပါ။

ဆာရီဟာ တိုက်စစ်ပိုင်းမှာ ဟာဇက်၊ ဟီဂွါအင်၊ ဝီလီယံတို့ကိုတွဲဖက်စေခဲ့ပြီး ကွန်တေ၊ ဘာကလေ၊ ဂျော်ဂျင်ဟိုတို့ရဲ့ ကွင်းလယ်လုပ်အားနှုန်းနဲ့ ဟတ်ဒါဖီးလ်အသင်းကို ဖိအားပေးကစားခဲ့တာပါ။

အမှတ်ပေးဇယားရဲ့အဆင့် (၂၀) နေရာက ဟတ်ဒါဖီးလ်အသင်းဟာ အဝေးကွင်းမှာ ခံစစ်ကစားဖို့ပြင်ဆင်လာခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်အားကို တားဆီးဖို့မလုံလောက်ခဲ့ပါဘူး။

ပွဲချိန် (၁၆) မိနစ်မှာပဲ ကွန်တေရဲ့ဖန်တီးပေးပို့မှုကနေ ဟီဂွါအင်က ချယ်လ်ဆီးအသင်းအတွက် သူ့ရဲ့ပထမဆုံးသွင်းဂိုးအဖြစ် ဂိုးသမားရဲ့ထောင့်ထဲကို လှလှပပအပြင်းကန်သွင်းယူပေးခဲ့ပါတယ်။

ဂိုးရပြီးနောက်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်း ကစားအားပိုတင်ခဲ့လို့ ဟတ်ဒါဖီးလ်အသင်းခံစစ်မှာသာအချိန်ကုန်နေခဲ့ပြီး ဒုတိယဂိုးကိုတော့ ပထမပိုင်းအပြီး ထပ်ဆောင်းအချိန်ပိုမှာ ဟာဇက်က ပယ်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၀) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ချယ်လ်ဆီးကစားကွက်ပိုမြိုင်လာခဲ့လို့ နောက်ထပ်ဂိုးတွေကို ဆက်တိုက်ရခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကို ပွဲချိန် (၆၆) မိနစ်မှာ အီဒင်ဟာဇက်က ဟတ်ဒါဖီးလ်အသင်းခံစစ်နဲ့ ဂိုးသမားကို ကျော်ဖြတ်ပြီး လှလှပပသွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ဟာဇက်အတွက် လိုင်လီနဲ့ ချယ်လ်ဆီးကစားသမားဘဝ အမှတ်ပေးပြိုင်ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၂၀၀)ဂိုး (၁၁၆ ဂိုးသွင်း၊ ၈၄ ဂိုးဖန်တီး) ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် (၆၉) မိနစ်မှာ ကွန်တေရဲ့ဖန်တီးပေးပို့မှုကနေပဲ ဟီဂွါအင်က ဂိုးဧရိယာအပြင်ကနေ လှလှပပအဝေးကန်ချက်နဲ့ကန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ဟီဂွါအင်အတွက် နည်းပြဆာရီလက်အောက် လိဂ်ပွဲ (၃၇) ပွဲမှာ၊ (၃၈) ဂိုးမြောက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အပြောင်းအလဲတချို့လုပ်ပြီး ချယ်လ်ဆီးအသင်းကစားအားချခဲ့ပေမယ့် အဆုံးသတ်ဂိုးတစ်ဂိုး ထပ်ရခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် (၈၆) မိနစ်မှာ ဝီလီယံရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ ဒေးဗစ်လူးဝစ်ဇ်ကောင်းတိုက်သွင်းယူရာမှာ ဟတ်ဒါဖီးလ်နောက်ခံလူနဲ့ထိပြီးဂိုးဝင်သွားခဲ့တာပါ။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၅-၀) ဂိုးနဲ့အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုမှာလည်း အခြေအနေပြန်ကောင်းသွားခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

စပါး ၁-၀ နယူးကာဆယ်

ဘရိုက်တန် ၀-၀ ဝက်ဖို့ဒ်

ဘန်လေ ၁-၁ ဆောက်သမ်တန်

ချယ်လ်ဆီး ၅-၀ ဟတ်ဒါဖီးလ်

ခရစ္စတယ်ပဲလေ့စ် ၂-၀ ဖူလ်ဟမ်

အဲဗာတန် ၁-၃ ဝုလ်ဗ်

လာလီဂါ

လီဗန်တေး ၀-၀ ဂီတာဖေး

ဆိုစီဒက် ၂-၁ ဘီလ်ဘာအို

ဘာစီလိုနာ - ဗလင်စီယာ

ဆယ်လ်တာဗီဂို - ဆီဗီလာ



စီးရီးအေ

အမ်ပိုလီ ၂-၂ ချီယေဗို

ဘွန်ဒစ်လီဂါ

ဟော်ဖန်ဟင်မ် ၁-၁ ဒစ်ဆယ်ဒေါ့ဖ်

လေဗာကူဆင် ၃-၁ ဘိုင်ယန်မြူးနစ်

ဖရန့်ဖတ် ၁-၁ ဒေါ့မွန်

ဟာသာဘာလင် ၀-၁ ဝုလ်ဖ်ဘတ်

နုရင်ဘတ် ၁-၁ ဝါဒါဘရီမင်



ပြင်သစ်ဖလား (၃၂ သင်းအဆင့်)

အွန်တွန်တီ ၀-၁ နန့်စ်

လိဂ်ချန်ပီယံရှစ်

ဘာမင်ဂမ် ၂-၀ နော်တင်ဟမ်

ဘရန့်ဖို့ဒ် ၅-၂ ဘလက်ဘန်း

ဘရစ္စတိုးလ်စီးတီး ၂-၀ ဆွမ်ဆီး

ဟားလ်စီးတီး ၂-၀ စတုတ်စီးတီး

အစ်ဝစ်ချ် ၀-၁ ရှက်ဖီးဝင်းစ်ဒေး

မီဝေါလ် ၀-၀ ရော့သာဟမ်

ရက်ဒင်း ၀-၀ အက်စတွန်ဗီလာ

ရှက်ဖီးယူနိုက်တက် ၂-၀ ဘော်လ်တန်

ဝက်စ်ဘရွန်း ၂-၃ မစ်ဒယ်ဘရော့

ဝီဂန် ၂-၁ QPR

Most Read

Most Recent