အာဆင်နယ်အသင်း၏ဝါရင့်ဂိုးသမား ပီတာချက်က ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဟု ဇန်နဝါရီ ၁၅ ရက် က အတည်ပြုကြေညာခဲ့သည်။
၃၆ နှစ်အရွယ်ရှိ ပီတာချက်သည် ၂၀၁၅ ဇွန်လတွင် ၁၁ နှစ်ကြာကစားခဲ့သည့် ချယ်လ် ဆီးအသင်းမှ မြို့ခံပြိုင်ဘက် အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
''ပရီးမီးယား လိဂ်မှာ ၁၅ နှစ်ကြာ ကစားခဲ့သလို၊ ဆုဖလားတိုင်းလည်း ရရှိခဲ့ပြီးပါပြီ။ ကျွန်တော်ဟာ အရာခပ်သိမ်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီလို့ ခံစားရပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ အနည်းဆုံးဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ''ဟု ချက်လက်ရွေးစင်ဟောင်းလည်းဖြစ်သူ ပီတာချက်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက အနားယူမှုနှင့်ပတ်သက်ပြီး ပရိုကစားသမားဘဝတွင် နှစ်ပေါင်း ၂၀ ဖြတ်သန်းပြီးဖြစ်သောကြောင့် ယခုအချိန်မှာ အနားယူသင့်ပြီဟု ခံစားရသဖြင့် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟသွားခဲ့သည်။
ပီတာချက်သည် ၂၀၀၄ ဇူလိုင်လက ပြင်သစ်ကလပ် ရန်းစ်အသင်းမှ ချယ်လ်ဆီး အသင်းသို့ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအ သင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံ လေး ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်အပါအ ဝင် ဆုဖလားပေါင်း ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ကာ အသင်း၏ပြိုင်ပွဲစုံ Clean Sheet အများဆုံး ဂိုးသမားအဖြစ် ၂၂၈ ပွဲဖြင့် စံချိန်တင်ခဲ့သည်။
ထို့ပြင် အာဆင်နယ်အသင်းကို ၂၀၁၇ FAဖလားရရှိအောင်လည်း ကူညီပေးနိုင်ခဲ့သည်။
Chelsea (2004 - 2015)
Four Premier Leagues (2004-05, 2005-06, 2009-10, 2014-15)
Four FA Cups (2006-07, 2008-09, 2009-10, 2011-12)
Three League Cups (2004-05, 2006-07, 2014-15)
One Champions League (2011-12)
One Europa League (2012-13)
Two Community Shields (2005-06, 2009-10)
Arsenal (2015 - 2019)
One FA Cup (2016-17)
Two Community Shields (2015-16, 2017-18)