လေဘေးဒဏ် သင့်ခဲ့သည့် ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာ၌ ပျက်စီးခဲ့သည့်လူနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန် ငွေကြေးအထောက်အပံ့များ အဓိက လိုအပ်နေဟုဆို

လေဘေးဒဏ် သင့်ခဲ့သည့် ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာ၌ ပျက်စီးခဲ့သည့်လူနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန် ငွေကြေးအထောက်အပံ့များ အဓိက လိုအပ်နေဟုဆို
ရေးမြို့နယ် ကုလားကုတ်ကျွန်းပေါ်ရှိ ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာ လူနေအိမ်များ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီီးခဲ့စဉ်
ရေးမြို့နယ် ကုလားကုတ်ကျွန်းပေါ်ရှိ ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာ လူနေအိမ်များ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီီးခဲ့စဉ်
Published 9 January 2019
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းပေါ်ရှိ ကုလားကုတ်ကျေးရွာအုပ်စု၊  အောက်ဆိပ်ကျေးရွာ၌ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့့် ပျက်စီးခဲ့သည့် လူနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန် ငွေကြေးအထောက်အပံ့များ အဓိကလိုအပ်ဟု အဆိုပါ အောက်ဆိပ်ကျေးရွာသို့  ရောက်ရှိနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

အောက်ဆိပ်ကျေးရွာမှာက လေဘေးကြောင့် အိမ်နဲ့ အဆောက်အအုံ ပျက်စီးတာ များတယ်။ ကျန်တာ လူထိခိုက်တာတို့ မရှိသလို၊ အဝတ်အစား လိုအပ်ချက်လည်း မရှိပါဘူး။ ပြိုကျသွားတဲ့ အိမ်တွေပြင်ဆင်ဖို့ အတွက်တော့ အကူအညီ လိုအပ်တယ်။ အဲ့ဒါကြောင့် ကူညီထောက်ပံ့မှုအနေနဲ့က ငွေကြေးအထောက်အပံ့က ဒေသခံတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ နောက်လောလောဆယ် စားရေးသောက်ရေး အတွက် ထောက်ပ့ံချင်တယ်ဆိုရင်တော့ ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန် စသည်ဖြင့် ထောက်ပံ့မယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ကလုံးဝပြိုကျသွားတယ်။ အဲဒါကြောင့် အမှန်တကယ် လိုအပ် တာက နေအိမ်တွေ ပြင်ဆင်နိုင်ဖို့အတွက် ငွေကြေးအထောက်အပံ့လိုအပ်ပါမယ်  ဟု ဒေါက်တာအောင်နိုင်ဦီးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဇန်နဝါရီ ၈ ရက်  နံနက်ပိုင်း လေပြင်းတိုက်ပြီးတော့ ဇန်နဝါရီ ၉ ရက် မနက်အထိကို ရာသီဥတုက သာသာယာယာပါပဲ။ မိုးထပ်ရွာတာလည်း မရှိဘူး။ သို့သော်လည်း ကျွန်တော်အကြံပြုထားတာ က ဆောင်းတွင်းဆိုတော့ အေးတော့ ဘုန်းကြီး ကျောင်းတို့၊ ဓမ္မာရုံတို့မှာ စုပြီးနေကြဖို ့ပြောထားတယ်။ တချို့ကျတော့လည်း သူတို့ ဆွေ မျိုးအိမ်တွေရှိတော့ အဲဒီမှာသွားပြောင်းနေကြတာလည်း ရှိတယ်။ ဒီကြားထဲမှာ မိုးထပ်ရွာ မယ်ဆိုရင်တော့ သူတို့အတွက် အခက်အခဲတော့ ရှိမှာပါ ဟု ပြောကြားသည်။

မွန်ပြည်နယ် ရေးမြို ့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း “လေဘေးသင့်ပြည်သူတွေအတွက် ဘာတွေ လိုအပ်မလဲဆိုရင် စာသင်ကျောင်းက အမိုးတွေ အကုန်လန်သွားတယ်။ နောက်ကလေး တွေအတွက်ဆိုရင် စာရေးကိရိယာတွေလိုအပ်မယ်။ အဲဒီအတွက်ကို ကျွန်တော်တို ့ရေးမြို့က ပရဟိတတစ်ဖွဲ့ကတော့ ဆင်းသွားကြတယ်။ နောက် ရေးမြို့က စျေးအရှေ့မှာ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က အလှူခံမယ်။ စားနပ်ရိက္ခာရယ်၊ တခြား ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ အတွက်ကိုပေါ့။ နောက် သုံးလေးရက်လောက်ဆိုရင် ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို သွားပို့ကြပါမယ် ဟု ပြောကြားသည်။

 ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် လေပြင်း တိုက်ခိုက်မှုကြောင့် ရေးမြို့နယ် ကုလားကုတ်ကျွန်း ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာ၌ ဘုန်းတော်ကြီးကျောင်း၊ အ.ထ.က ကျောင်းရှိ စာသင်ဆောင် သုံးခု အမိုးများလန်ခြင်းများအပါအဝင် ပြိုကျပျက်စီးသွားသောနေအိမ် ၁၁၁ လုံး၊ အမိုး လန်နေအိမ်  ၂၈၁ လုံး၊ စုစုပေါင်းလူနေအိမ်  ၃၉၂ လုံးထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး  အိမ်ထောင်စု ၃၉၂ စုမှ လူဦးရေ ၁၉၂၇ ဦး လေဘေးသင့်ခဲ့ကြောင်း ရေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

Most Read

Most Recent