ကုန်သည်များ အနေဖြင့် စားသုံးသူ သက်သာချောင်ချိရေး၊ ထုတ်လုပ်သူ မနစ်နာစေရေးအတွက် ကုန်စည်စျေးနှုန်း မကစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ကုန်သည်များ အနေဖြင့် စားသုံးသူ သက်သာချောင်ချိရေး၊ ထုတ်လုပ်သူ မနစ်နာစေရေးအတွက် ကုန်စည်စျေးနှုန်း မကစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 6 January 2019
နီလာ

ကုန်သည်များ အနေဖြင့် စားသုံးသူ သက်သာချောင်ချိရေး၊ ထုတ်လုပ်သူ မနစ်နာစေရေးအတွက် ကုန်စည်စျေးနှုန်း မကစားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် မကွေးမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဓိကထား လုပ်ကိုင်လျက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အဓိကအားထားရသည့် ဒေသကြီးဖြစ်ကြောင်း၊ ပဲ၊ ပြောင်း၊ နှမ်း စသော သီးနှံများ အဓိကထား စိုက်ပျိုးထုတ်လုပ် တင်ပို့နေသော ဒေသဖြစ်သဖြင့် ကုန်စည်ဒိုင်သည် ရောင်းသူနှင့်ဝယ်သူတို့အား အကျိုးဖြစ်ထွန်းရန် ချိတ်ဆက်ပေးနေသည့် နေရာဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။

“ကုန်သွယ်မှု တိုးတက်ရေးမှာ အရေးကြီးတဲ့ပို့ကုန်ကဏ္ဍတိုး တက် ရေးမှာ စျေးကွက်အပြင် အရည် အသွေးကိုပါ တိုးချဲ့ဖို့လိုအပ်မှာ ဖြစ်သလိုသွင်းကုန်ပိုင်းမှာလည်း ရေရှည်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အ ထောက်အကူပြုမယ့် ရင်းနှီးကုန်စည်များကိုလည်း ပိုမိုတင်သွင်းရမှာ ဖြစ်ပါတယ်။ မိမိတို့ ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်က မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်ပြီး ကုန်သည်လုပ်ငန်းရှင်များ အထူးသဖြင့် ပဲနှမ်းကုန်စည်ဒိုင်များမှ ပုဂ္ဂိုလ်များနှင့်လည်း  လိုအပ်သည်များကို မေးမြန်းရန် သွားရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ်လုပ် ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစား တူပါက အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်စျေးကွက် ကျယ်ပြန့်လာမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာ၂၉ ရက်က ရန်ကုန် မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း (၂၄) ကြိမ် မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားသည်။

“မိမိတို့နိုင်ငံက လယ်ယာထွက်ကုန်များကို ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို ယှဉ်ပြိုင်ပြီး ထုတ်လုပ်ရောင်းချ နေရတာ ဖြစ်ပါတယ်။ ကုန်စည်အမျိုးအစား တူ ပါက ပို့ကုန်စျေးကွက်မှာ ကျွန်တော် တို့ က  အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်းချိုသာစွာနဲ့ စားသုံးသူများ လိုအပ်သည့်အချိန်တွင် တင်ပို့ ရောင်းချနိုင်မှသာ ကျွန်တော်တို့ရဲ့ ပို့ကုန်စျေးကွက်က ကျယ်ပြန့်လာပြီးတော့ စိုက်ပျိုးသူတောင်သူများ လုပ်ငန်းရှင်များ ကုန်သည်ပွဲစားများရော နိုင်ငံတော်ပါ  အကျိုးဖြစ်မှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုရာတွင် ကျွန်တော်တို့ အနေနဲ့ ဝယ်ယူသူနဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူများအကြား ဆက်စပ်မှုရှိရန်နဲ့ အာမခံချက်ရှိရန် လိုအပ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent