လီဗန်တေး နှင့် ဟီရိုနာ (စနေနံနက် ၀၀:၃၀ နာရီ)
နှစ်ကုန်ခါနီး (၃) ပွဲဆက်နိုင်ပွဲပျောက်သွားတဲ့ လီဗန်တေး နှစ်သစ်အိမ်ကွင်းအဖွင့်မှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားလိမ့်မယ်။ ဟီရိုနာကလည်း နှစ်ကုန်ခါနီး ခြေစွမ်းအတက်ဘက်ပြခဲ့ပေမယ့် အဝေးကွင်းမှာ ရုန်းကန်နေရတယ်။ အိမ်ရှင်နဲ့ ဂိုးအများပါပဲ။
အက်စ်ပန်ညို နှင့် လီဟာနက်စ် (စနေနံနက် ၂:၃၀ နာရီ)
အဆင့် (၁၄) အထိဆင်းသွားတဲ့ အက်စ်ပန်ညို ပြန်လာရ မယ့်အချိန်ရောက်ပါပြီ။ နှစ်ကုန်ခါနီး တိုက်စစ်၊ ခံစစ် နှစ်ခုစလုံးမှာ အားလျော့သွားပေမယ့် ကစားပုံကတော့မဆိုးလှဘူး။ လီဟာ နက်စ်ကလည်း အဝေးကွင်းမှာ ထိန်းကစားဖို့ ဦးစားပေးနေတဲ့ ပုံမျိုး တွေ့နေရတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ထင်တယ်။
နန့်စ် နှင့် ရှာတူဟူ (စနေနံနက် ၂:၂၅ နာရီ)
(၂)သင်းစလုံးက သက်ဆိုင်ရာလိဂ်တွေမှာ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာပါဘူး။ လီဂူး-၂ကလပ်ကိုတော့ နန့်စ် အနိုင်ကစားလိမ့်မယ်။
ဂရူနိုဘယ် နှင့် စထရာဘိုး (စနေနံနက် ၂:၂၅ နာရီ)
ဒီရာသီမှာ မမျှော်လင့်ဘဲ ခြေစွမ်းပြနေတဲ့ စထရာဘိုးအသင်း ပြည်တွင်းပြိုင်ပွဲ(၃)ခုအကြား ဗျာများနေနိုင်တယ်။ လီဂူး-၂ကလပ် ဂရူနိုဘယ်ကိုပဲ ရွေးချင်တယ်။