UK Snooker Championship ပြိုင်ပွဲတွင် ရွန်နီအိုဆူလီဗန် (၇)ကြိမ်မြောက်ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲသမိုင်း၌ အမြင့်ဆုံးစံချိန်ရှင်ဖြစ်လာ

UK Snooker Championship ပြိုင်ပွဲတွင် ရွန်နီအိုဆူလီဗန် (၇)ကြိမ်မြောက်ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲသမိုင်း၌ အမြင့်ဆုံးစံချိန်ရှင်ဖြစ်လာ
Photo: PA
Photo: PA
Published 11 December 2018

        အင်္ဂလန်ဝါရင့်စနူကာကစားသမား ရွန်နီအိုဆူလီဗန်သည် UK Snooker Championship  ပြိုင်ပွဲတွင် (၇)ကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့ပြီး နောက် ပြိုင်ပွဲသမိုင်း၌ အမြင့်ဆုံးစံချိန် ရှင်ဖြစ်လာခဲ့ကြောင်းသိရှိရသည်။

    အိုဆူလီဗန်သည် ယခုနှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဆင့်တွင် မာ့ခ်အယ်လန်ကို (၁၀-၆)ပွဲဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုကြေး ပေါင် (၁၇၀၀၀၀)ကိုလည်း ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့ချန်ပီယံဆုကို (၅)ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးသည့် အိုဆူလီဗန်သည် ၂၀၁၈ ခုနှစ်အတွင်း၌အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး တစ်နှစ်တာလုံးကို စိုးမိုးနိုင်ခဲ့သူလည်းဖြစ်သည်။ သူသည် ယမန်နှစ်က ယင်းပြိုင်ပွဲကို နောက်ဆုံး ဗိုလ်စွဲခဲ့စဉ်က စတိဗ်ဒေးဗီးစ်၏ (၆)ကြိမ်စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး ယခုနှစ်တွင်မူ (၇)ကြိမ်မြောက်ရရှိကာ စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။

    UK Championship ပြိုင်ပွဲ သည် World Championship, The Masters နှင့် International Championship တို့နှင့်အတူ စနူကာလောက၏ ဂုဏ်သိက္ခာအမြင့်ဆုံးပြိုင်ပွဲ (၄)ခုထဲမှ တစ်ပွဲအဖြစ် ပါဝင်နေပြီး အိုဆူလီဗန်က '' ကျွန်တော့်ကျန်းမာရေးအခြေအနေက ခွင့်ပြုနေသမျှ ဆက်ကစားသွားဦးမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာလည်း နောက်ထပ်အောင်မြင်မှု တွေရနိုင်အောင်ကြိုးစားသွားဦးမှာပါ။ အနာဂတ်အတွက်စိတ်လှုပ်ရှားနေ တုန်းပါပဲ'' ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent