ဘာစီလိုနာအသင်း၏ စပိန် နောက်ခံလူ ပီကေးက ဘောလုံး အသင်းတစ်သင်းကို ဝယ်ယူရန်နှင့် ပြိုင်ပွဲသစ်တစ်ခု ဖန်တီးကျင်းပရန် ကြိုးပမ်းနေကြောင်း အတည်ပြုပြော ကြားသည်။
ပြင်သစ်အခြေစိုက် L'Equip အားကစားမဂ္ဂဇင်းနှင့်တွေ့ဆုံစဉ် ပီကေးက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး အသေးစိတ်အချက်အလက် များကိုမူ ဖြေကြားရန် ငြင်းဆန်သည်။
''ကျွန်တော်တို့ စီမံကိန်းနှစ်ခုလုပ်နေပါတယ်။ တစ်ခုက အသင်းတစ်သင်း ကို ဝယ်ယူဖို့ပါ။ ဒီထက်ပိုပြီး မပြောပြနိုင်သေးတာတော့ စိတ်မကောင်း ပါဘူး။ နောက်တစ်ခုကတော့ ပြိုင်ပွဲ အသစ်တစ်ခုကျင်းပဖို့ ဒါမှမဟုတ် နဂိုရှိပြီးသားပြိုင်ပွဲတစ်ခုကိုကျင်းပ ဖို့ပါ။ အများကြီးမပြောနိုင်သေးဘူး ဆိုတာ သေချာပါတယ်။ ဒီနှစ်ခုစလုံး ကတော့ စိတ်လှုပ်ရှားစရာကောင်း တဲ့ စီမံကိန်းတွေပါ''ဟု ၎င်းက ပြော ကြားသည်။
အသက် ၃၁ နှစ်ရှိပြီဖြစ် သည့် ပီကေးသည် အားကစားနှင့် မီဒီယာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ် သည့် Kosmos ကုမ္ပဏီအား ဖွဲ့စည်း တည်ထောင်ထားပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
Kosmos ကုမ္ပဏီတွင် ဂျပန်အခြေ စိုက် အီလက်ထရွန်နစ်စီးပွားရေး လုပ်ငန်းဖြစ်သည့် Rakuten ကုမ္ပဏီ ဥက္ကဋ္ဌ ဘီလျံနာ ဟီရိုရှီမီခီတာနီ၊ အမေရိကန်ဘီလျံနာ လယ်ရီအယ် လစ်ဆန်တို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားပြီး Davis Cup အမျိုးသား တင်းနစ်ပြိုင်ပွဲအား တာဝန်ယူကျင်းပ ရန် အပြည်ပြည်ဆိုင်ရာတင်းနစ်အဖွဲ့ ချုပ် (ITF) နှင့် သဘောတူညီမှုရရှိ ထားသည်။
Kosmos ကုမ္ပဏီသည် Davis Cup ပြိုင်ပွဲအား ၂၅ နှစ်ကြာ ကျင်းပခွင့်ရရှိထားပြီး ဒေါ်လာသုံး ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း ကြေညာထားသည်။
Davis Cup ပြိုင်ပွဲအား ပုံစံ ပြောင်းလဲကျင်းပမည့်အစီအစဉ်နှင့် ပတ်သက်၍ ပီကေးက ''သူတို့အား လုံး (ရင်းနှီးမြှုပ်နှံသူတွေ) က ယုံ ကြည်မှုရှိပါတယ်။ ဒါပေမဲ့ ငွေကြေး အကြောင်းတော့ ကျွန်တော်မပြော ချင်ပါဘူး။ Davis Cup စီးပွားရေးအုပ်စု က အားကစားပြိုင်ပွဲတွေမှာ ရင်းနှီး မြှုပ်နှံမှုလုပ်မှာပါ။ ဒီပြိုင်ပွဲက ပြိုင် ဘက်ကင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာ မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပြိုင်ပွဲက ကစားသမားတွေပါဝင်ရုံ သက်သက်မဟုတ်ဘဲ နိုင်ငံတွေ၊ ကိုယ်စားပြုအလံတွေနဲ့ နိုင်ငံတော် သီချင်းတွေပါ ပါဝင်နေလို့ပါ။ Davis Cup ပြိုင်ပွဲက Pique Cup ပြိုင်ပွဲ ဖြစ်လာမှာမဟုတ်ပါဘူး''ဟု ပြော ကြားသည်။
Kosmos ကုမ္ပဏီသည် ယခုနွေရာသီတွင် အက်သလက် တီ ကို အသင်းတိုက်စစ် မှူး ဂရီးဇ်မန်းက ဘာစီလိုနာသို့မပြောင်းဘဲ မက်ဒရစ် ၌သာ ဆက်ကစားမည့် ဆုံးဖြတ်ချက် အား ပြောပြသည့် မှတ်တမ်းဇာတ် ကားကိုလည်း ရိုက်ကူးခဲ့ဖူးပြီး ပီကေး အနေဖြင့် ယင်းဇာတ်ကားကြောင့် ဝေဖန်မှုများခံခဲ့ရသည်။