သက်တမ်းတိုးစာချုပ်အား ဟာဇက် လက်မှတ်ထိုးမည်ဟု ဆာရီ မျှော်လင့်

သက်တမ်းတိုးစာချုပ်အား ဟာဇက် လက်မှတ်ထိုးမည်ဟု ဆာရီ မျှော်လင့်
Photo : 90min.in
Photo : 90min.in
Published 26 November 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်အနေဖြင့် သက်တမ်းတိုးစာချုပ် တွင် လက်မှတ်ရေးထိုးမည်ဟု မျှော် လင့်ထားကြောင်း ပြောကြားသည်။

ချယ်လ်ဆီးအသင်း၏ ပြင်သစ် ကွင်းလယ်လူ ကွန်တေသည် ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမည့် သက် တမ်းတိုးစာချုပ်ကို နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ရာ ဆာရီ က ဟာဇက်ကိုလည်း သက်တမ်းတိုး နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခြင်းဖြစ်သည်။ 

''စာချုပ်သစ် ကိစ္စနဲ့ပတ်သက်ပြီး တိုးတက်မှုရှိလားဆိုတာ ကျွန်တော်မသိပါဘူး။ သက် တမ်းတိုးနိုင်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ စာချုပ်မှာ သူလက် မှတ်ထိုးမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်''ဟု ၎င်းင်းက ပြောကြားသည်။ 

ဟာဇက် (၂၇ နှစ်) ၏ စာချုပ်မှာ ၂၀၂၀ ပြည့်နှစ် ဇွန်တွင်ကုန်ဆုံးမည် ဖြစ်ရာ တစ်နှစ်ခွဲသာကျန်ရှိတော့ ပြီး လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုမရသေးကြောင်း သိရသည်။ 

၎င်းကိုယ်တိုင်ကလည်း စာချုပ်သက်တမ်းတိုးရန် (သို့မဟုတ်) ငယ်ဘဝအိပ်မက်ဖြစ် သည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန်စသည့် ဆုံး ဖြတ်ချက်အတွက် ဝေခွဲမရဖြစ်နေကြောင်း ပြောကြားထားသည်။

Most Read

Most Recent