PSG အသင်းသည် မန်ယူအသင်းနှင့် စာချုပ်ကုန်ဆုံးတော့မည့် စပိန်လက်ရွေးစင် ဒီဟေးယားအား ဂိုးသမားများအတွက် ကမ္ဘာ့ စံချိန်တင်လစာဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန က ဖော်ပြသည်။
ဒီဟေးယား (၂၈ နှစ်) ၏ စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ပြီး သက်တမ်းတိုးရန် သဘောတူညီမှုမရ သေးသဖြင့် အခြားကလပ်များသို့ အလွတ် ပြောင်းရွှေ့ရန် ဇန်နဝါရီတွင် ဆွေးနွေးခွင့်ရ တော့မည်ဖြစ်သည်။
သို့ဖြစ်ရာ PSG အသင်း က ၎င်းင်းအား တစ်ပတ်လစာ ပေါင်သုံးသိန်း ဖြင့် တစ်နှစ်လျှင် ပေါင် ၁၅ ဒသမ ၅ သန်း ပေးချေဖွယ်ရှိပြီး လေးနှစ်စာချုပ် ချုပ်ဆိုဖြစ် ပါက ပေါင် ၆၂ သန်းအထိ ရရှိနိုင်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဒီဟေးယားသည် မန်ယူကစားသမားဘဝ ခုနစ်ရာသီအတွင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလား တစ်ကြိမ်စီ ဆွတ်ခူးရရှိ ထားပြီး နည်းပြ မော်ရင်ဟိုကလည်း ၎င်းအား ဆက်ထိန်းနိုင်ဖွယ်မရှိဟု ဝန်ခံထားသည်။