၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ လုပ်ငန်း ၃၂ ခု ပိတ် သိမ်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၈၂၆၀၅၀ ဒသမ ၄၃၄ (၈၂၆ ဘီလျံကျော်)ရှိကာ ရန်ကုန် တိုင်းဒေသကြီးတွင် လုပ်ငန်းပိတ်သိမ်းမှု အများဆုံး ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လုပ် ငန်းပိတ်သိမ်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှု၌ ယခင် ခွင့်ပြုပြီးလုပ်ငန်းများမှ လုပ်ငန်း ၃၂ ခု ပိတ် သိမ်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ် ၈၂၆၀၅၀ ဒသမ ၄၃၄ သန်းရှိခဲ့ကြောင်း၊ လုပ်ငန်းပိတ်သိမ်းခဲ့မှု ကဏ္ဍအလိုက်၌ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် လုပ်ငန်းနှစ်ခု (ပမာဏအားဖြင့် ကျပ် ၂၇၃၈၅၉ ဒသမ ၅၈ သန်း)၊ စက်မှုကဏ္ဍ၌ လုပ် ငန်း ၁၂ ခု (ပမာဏအားဖြင့် ကျပ် ၁၃၇၄၅၂ ဒသမ ၀၀၀ သန်း)၊ ဆောက်လုပ်ရေးကဏ္ဍ၌ လုပ်ငန်းရှစ်ခု (ပမာဏအားဖြင့် ကျပ် ၁၁၁၆၆၂ ဒသမ ၄၈ သန်း)၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ လုပ်ငန်းသုံးခု (ပမာဏအားဖြင့် ကျပ် ၂၁၇၉၀၈ ဒသမ ၆၉ သန်း)၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ၌ လုပ်ငန်းသုံးခု (ပမာဏအားဖြင့် ကျပ် ၈၄၅ ဒသမ ၃၁၄ သန်း)၊ အိမ်ရာနှင့် အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်း နှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၃၁၇၂ ဒသမ ၀၀၀ သန်း၊ ဝန်ဆောင်မှု ကဏ္ဍ၌ လုပ်ငန်းတစ်ခု (ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၃၇ ဒသမ ၅၈ သန်း)၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍ၌ လုပ်ငန်းတစ်ခု (ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၂ ဒသမ ၇၉၀ သန်း)တို့ဖြစ်ပြီး ခွင့်ပြုမိန့်များ ပြန်လည်အပ်နှံကာ လုပ်ငန်းများ ပိတ်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ခွင့်ပြုမိန့် ပြန်လည်အပ်နှံမှုတွင် ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ငန်းအရေအတွက် အခု ၂၀ (ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၁၉၉၆၄ ဒသမ ၆၇၄ သန်း) ရှိပြီး စက်မှုကဏ္ဍ ၌ လုပ်ငန်း ၁၁ ခု (ပမာဏအားဖြင့် ကျပ် ၂၉၄၅၂ ဒသမ ၀၀၀ သန်း)၊ ဟိုတယ်ကဏ္ဍ၌ လုပ်ငန်းသုံးခု (ပမာဏအားဖြင့် ကျပ် ၂၁၇၉၀၈ ဒသမ ၆၉၀ သန်း)၊ အိမ်ရာအဆောက်အအုံ ကဏ္ဍ၌ လုပ်ငန်းနှစ်ခု (ပမာဏအားဖြင့် ကျပ် ၈၃၁၇၂ ဒသမ ၀၀၀ သန်း)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ လုပ်ငန်းတစ်ခု (ပမာ ဏအားဖြင့် ကျပ် ၈၇၆၁၀ ဒသမ ၅၈ဝသန်း)၊ စက်မှုဇုန်တည်ဆောက်မှု၌ လုပ်ငန်းတစ်ခု (ကျပ် ၁၀၁၂ ဒသမ ၇၉၀ သန်း)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၌ လုပ်ငန်းနှစ်ခု (ကျပ် ၈၀၈ ဒသမ ၆၁၄ သန်း) ပိတ်သိမ်းခဲ့ကြောင်း ယင်း အစီရင်ခံစာအရ သိရသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးတွင် စက်မှုကဏ္ဍတစ်ခု (ကျပ်သန်းပေါင်း ၁၀၈၀၀၀ ဒသမ ၀၀၀)၊ ဟိုတယ်ကဏ္ဍ၌ လုပ်ငန်းတစ်ခု (ပမာဏအားဖြင့် ကျပ်သန်းပေါင်း ၁၈၆၂၄၉ ဒသမ ၀၀၀)၊ ကချင်ပြည်နယ်တွင် ဆောက်လုပ်ရေးကဏ္ဍသုံးခု၌ (ကျပ်သန်းပေါင်း ၇၄၈၀၀ ဒသမ ၂၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်မှုကဏ္ဍနှစ်ခု (ကျပ်သန်းပေါင်း ၁၉၁၇၁ ဒသမ ၂၀၀)၊ ပဲခူးတိုင်းဒေသကြီးတွင် ဆောက်လုပ်ရေး လုပ်ငန်းနှစ်ခု (ကျပ်သန်းပေါင်း ၈၈၈၅ ဒသမ ၄၀၀)၊ ရခိုင်ပြည်နယ်တွင် ဆောက်လုပ်ရေးကဏ္ဍတစ်ခု (ကျပ်သန်းပေါင်း ၈၈၀၅ ဒသမ ၆၈၀)၊ ရှမ်းပြည်နယ်တွင် အခြားဝန်ဆောင်မှု လုပ်ငန်းတစ်ခု (ကျပ်သန်းပေါင်း ၁၃၇ ဒသမ ၅၈၀)၊ မွန်ပြည်နယ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတစ်ခု (ကျပ်သန်းပေါင်း ၃၆ ဒသမ ၇၀၀)၊ တိုင်းဒေသကြီး ပြည်နယ်စုစုပေါင်းတွင် လုပ်ငန်း ၃၂ ခု (ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၈၂၆၀၅၀ ဒသမ ၄၃၄ သန်း) ကို လုပ်ငန်းများ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို သုံးသပ်ရာတွင် ရင်းနှီးမြှုပ်နှံရာ၌ ထည့်သွင်းစဉ်းစားရမည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး စရိတ်များ ကြီးမြင့်မှု၊ ကျွမ်းကျင်လုပ်သားများ ရှားပါးမှု၊ နှစ်ရှည်ရင်း နှီးမြှုပ်နှံမှုအတွက် မြေနေရာရရှိရန် ခက်ခဲမှု များကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် အကန့်အသတ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အာဆီ ယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်၊ မလေးရှား စသည့်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။