တူရကီစူပါလိဂ်ကလပ် ဆီဗက်စပေါ်အသင်းသည် အိုလံပစ်ရွှေတံဆိပ်နှင့် ဂျမေကာတာတိုအပြေးချန်ပီယံဟောင်း ယူစိန်ဘော့အား ရာသီဝက်စာချုပ်ဖြင့် ကမ်းလှမ်း ဖွယ်ရှိကြောင်း သိရသည်။
အရပ်ခြောက်ပေ ငါးလက်မအမြင့်ရှိသည့် ယူစိန် ဘော့ (၃၂ နှစ်) သည် ၂၀၁၇ ခုနှစ်အတွင်း ပြေးခုန်ပစ်အားကစားလောကမှ အနားယူပြီးနောက် ငယ်ဘဝအိပ် မက်ဖြစ်သည့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
၎င်းသည် သြဂုတ်လအတွင်း သြစတြေးလျကလပ် စင်ထရယ်ကို့စ်မာရီနာအသင်း၌ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူနိုင်သော်လည်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးရာ လစာကိစ္စအဆင်မပြေသဖြင့် ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။
TRT World သတင်းဌာန၏ ဖော်ပြချက်အရ ဆီဗက်စပေါ်အသင်းသည် ဘော့အား ရာသီဝက်စာချုပ်ဖြင့် ကမ်းလှမ်းရန် စိတ်ဝင်စားနေပြီး ၎င်းင်းဘက်ကမူ မှတ်ချက်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ဆီဗက်စပေါ်အသင်းသည် တူရကီစူပါလိဂ်ပြိုင်ပွဲ ၌ အဆင့် ၁၁ နေရာ ရပ်တည်နေပြီး ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ရော်ဘင်ဟိုလည်း ပါဝင်ကစားလျက်ရှိသည်။