FFP ချိုးဖောက်သည့်အသင်းများအား အရေးယူသင့်ဟု ကလော့ပ် တိုက်တွန်း

FFP ချိုးဖောက်သည့်အသင်းများအား အရေးယူသင့်ဟု ကလော့ပ် တိုက်တွန်း
Published 12 November 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ချိုးဖောက်သည့် မည်သည့်အသင်းကို မဆို အရေးယူသင့်ကြောင်း ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) အား တိုက်တွန်းပြော ကြားသည်။

မန်စီးတီးအသင်းသည် ၂၀၀၄ ခုနှစ်က FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် ချန်ပီယံ လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိသော် လည်း UEFA နှင့် လျှို့ဝှက်သဘောတူညီမှု ရယူ၍ ဒဏ်ကြေးသာ ပေးဆောင်ခဲ့ရပြီး အသင်းပိုုင်ရှင် ရှိတ်မန်ဆော်မှာလည်း စပွန် ဆာစာချုပ်တန်ဖိုးများအား မြှင့်တင်ခဲ့ကြောင်း ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်းက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဖော်ပြသည်။

ထို့ပြင် PSG အသင်းမှာလည်း FFP စည်းမျဉ်း နှင့်ကိုက်ညီစေရန် စပွန်ဆာစာချုပ်များမှ ဝင် ငွေများစွာရရှိသည့်ပုံစံဖန်တီးခဲ့ကြောင်း ယင်း  မဂ္ဂဇင်းက ဖော်ပြသည်။

Der Spiegel မဂ္ဂဇင်း၏ ဖော်ပြမှုနှင့်ပတ်သက်၍ ကလော့ပ်က ''ဒါက မှတ်ချက်ပေးဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ကျွန်တော် ပြောနိုင်ပါတယ်။ FFP က တကယ်ကောင်းတဲ့ စည်းမျဉ်းပါ။ ပါရီနဲ့ မန်စီးတီးအသင်းတို့ အကြောင်း ကျွန်တော်သိပါတယ်။ တခြား ကလပ်တွေရော ဒီအကြောင်းပြောနေကြ မလားဆိုတာ ကျွန်တော်သေချာမသိပါဘူး။ အားလုံးအဆင်ပြေနေရင် ပြဿနာမရှိပေမဲ့ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တစ်စုံတစ် ယောက်က တစ်ခုခုလုပ်နိုင်တယ်။ ကျွန်တော် ပြောနိုင်တာတော့ ဒီလောက်ပါပဲ''ဟု သုံးသပ် ပြောကြားသည်။

Most Read

Most Recent