PSG အသင်းတိုက်စစ်မှူး နေမာသည် ပရိသတ်များအား လက်ခုပ်တီး၍နှုတ်ဆက်ရုံ ဖြင့် ဆုကြေးများပြားစွာရရှိသည့် သတင်းကို ပြင်းထန်စွာတုံ့ပြန်ခဲ့ကြောင်း သိရသည်။
ပြင်သစ်အခြေစိုက် France 2 ရုပ်သံ ဌာန၏ ''Envoye Special'' အစီအစဉ်က PSG အသင်း ကစားသမားများသည် ဆုကြေး ပမာဏမြင့်မားစွာရရှိနေကြပြီး ပွဲအပြီးတွင် ပရိသတ်များအား လက်ခုပ်တီး၍နှုတ်ဆက်ရ သည့်အချက်လည်းပါဝင်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖော်ပြသည်။
နေမာသည် ပရိသတ်များအား လက်ခုပ်တီး၍နှုတ်ဆက်ပါက ယူရို ၃၇၅ç၀၀၀ အထိရရှိနေကြောင်းနှင့် အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား မှာလည်း ယူရို ၃၃,၀၀၀ ရရှိကြောင်း France 2 ရုပ်သံက ဖော်ပြသည်။
ယင်းသတင်းနှင့် ပတ်သက်၍ နေမာက ''ဘယ်အရာက ပိုဆိုး လဲဆိုတာ ကျွန်တော်မသိတော့ဘူး။ သတင်း ရင်းမြစ် ဒါမှမဟုတ် အဲဒီအဖြေကိုပြောတဲ့သူ က သတင်းအမှားတွေကို ရူးကြောင်ကြောင် ဖြန့်နေတဲ့သူပါပဲ။ သတင်းစာရှင်းလင်းပွဲတွေ မှာ ဝေဖန်တိုက်ခိုက်ကြတဲ့အကြောင်းတွေပဲ ဖြေရှင်းနေရတာ ကျွန်တော်ပင်ပန်းနေပါပြီ။ ကျွန်တော့်ကို အချိန်တိုင်း စိတ်ရှည်သည်းခံ မှုတွေပေးစွမ်းတဲ့ ခရစ်တော်ရဲ့ကျေးဇူးကို တော့ ချီးမွမ်းပါတယ်''ဟု တုံ့ပြန်ပြောကြားသည်။
၎င်း၏ ဘရာဇီးလ်အသင်းဖော် သီယာဂိုဆေးလ်ဗားကလည်း ''လက်ခုပ်တီးပြီး နှုတ် ဆက်တယ်ဆိုတာက ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ ဒီသတင်းတွေက အလိမ်အညာတွေပါ။ ရှက် စရာလည်းကောင်းပါတယ်''ဟု ဆိုသည်။
ထို့ပြင် ညာနောက်ခံလူ မြူနီယာက ''အဲဒီလို ပမာဏဆိုတာ ကျင့်ဝတ်ပိုင်းအရပေးတဲ့ ဆု ကြေးပါ။ ဒီဆုကြေးထဲမှာ အသင်းနဲ့ ပရိသတ် တွေအတွက် လုပ်ဆောင်ပေးရမယ့် တာဝန် ဝတ္တရားတွေ အများကြီးပါပါတယ်။ ဒီလိုပဲ ကစားသမားတွေကလည်း ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ အပြန်အလှန်လေးစားမှုရှိကြောင်း ကိုယ့်အသိစိတ်နဲ့ပြသကြတာပါ။ ပရိသတ် တွေကို လက်ခုပ်တီးပြရုံနဲ့ ဆုကြေးရတယ်ဆို တာတော့ ဖြစ်နိုင်ခြေမရှိပါဘူး''ဟု ထောက်ခံပြောကြားသည်။
PSG အသင်းနည်းပြ သောမတ်စ်တူ ဟယ်လ်ကလည်း ''အဲဒီသတင်းတွေ ကျွန် တော်မဖတ်မိပါဘူး။ ကြားရတာတွေကတော့ အများကြီးပါပဲ။ ကျွန်တော့်အတွက်၊ အသင်း နဲ့ နည်းပြအဖွဲ့အတွက် ဒီကိစ္စက အရေးမကြီး ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် က ဒီနေရာမှာရှိနေတာ နည်းပြလုပ်ဖို့၊ ကစား သမားတွေနဲ့ နည်းပြအဖွဲ့တွေကို စီမံခန့်ခွဲဖို့ အတွက်ပါပဲ။ ကျွန်တော်တို့အနေနဲ့ လာမယ့် ပွဲအတွက် အာရုံစိုက်ထားပါတယ်။ ဒီသတင်း တွေကြောင့် ကျွန်တော်တို့ရဲ့ပြင်ဆင်မှုတွေကို သက်ရောက်မှုမရှိပါဘူး။ ကျွန်တော်က ခေတ် ဟောင်းလူကြီးဆိုတော့ အင်တာနက်ကိစ္စတွေ သိပ်မသိပါဘူး''ဟု ပြောကြားသည်။