မန်စီးတီးအသင်း တတိယအုပ်စုပိုင်ဆိုင်မှုစည်းမျဉ်းချိုးဖောက်ခြင်းရှိ မရှိ FIFA စစ်ဆေး

မန်စီးတီးအသင်း တတိယအုပ်စုပိုင်ဆိုင်မှုစည်းမျဉ်းချိုးဖောက်ခြင်းရှိ မရှိ FIFA စစ်ဆေး
Published 12 November 2018

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းအနေဖြင့် တတိယ အုပ်စုပိုင်ဆိုင်မှု (Third-party Ownership) စည်းမျဉ်းချိုးဖောက် ခြင်းရှိ၊မရှိ စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဒိန်းမတ်စူပါလီဂါကလပ် နော့စ်ဂျေးလန်းအသင်းထံမှ အာဖရိကအခြေစိုက် ကစားသမားများအား အခမဲ့ခေါ်ယူနိုင်မည့် သဘောတူညီမှုလက်မှတ် ရေးထိုးထားကြောင်း၊ ယင်းသဘော တူညီမှုအရ ၂၀၁၆ မှ ၂၀၂၀ ပြည့် နှစ်အတွင်း နော့စ်ဂျေးလန်းအသင်း၏ '' Right to Dream'' အကယ်ဒမီ မှ ကစားသမားများအား ခေါ်ယူခွင့် ရထားကြောင်း ဒိန်းမတ်အခြေစိုက် Politiken သတင်းစာက နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြသည်။

FIFA သည် တတိယအုပ်စုပိုင်ဆိုင်မှုစည်းမျဉ်းကို ၂၀၁၅ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ရာ မန်စီးတီးအသင်းအနေဖြင့် ယင်းစည်းမျဉ်းချိုးဖောက်ခြင်းရှိ၊မရှိ စုံစမ်းစစ် ဆေးနေခြင်းဖြစ်သည်။

နော့စ်ဂျေးလန်းအသင်းဥက္ကဋ္ဌ တွမ်ဗာနွန်ကမူ မည်သည့်ကစားသမားကိုမျှ အသင်း ပြောင်းရွှေ့ရန် ဖိအားပေးဖူးခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားသည်။      

''နော့စ်ဂျေးလန်းအသင်းနဲ့ Right to Dream အကယ်ဒမီက ဘောလုံး လောကနဲ့သက်ဆိုင်တဲ့ စည်းမျဉ်း အားလုံးကို လိုက်နာကျင့်သုံးနေ တယ်ဆိုတာ ယုံကြည်မှုရှိပါတယ်''ဟု ၎င်းက ဆိုသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့ သည့်ရက်သတ္တပတ်ကလည်း ဂျာမန် အခြေစိုက် Der Spiegel မဂ္ဂဇင်း၏ စွပ်စွဲဖော်ပြမှုခံခဲ့ရပြီး ၎င်းင်းတို့အနေ ဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) နှင့် ငြိစွန်းမှုမရှိစေရန် မမှန် ကန်သည့် စပွန်ဆာစာချုပ်များ ချုပ် ဆိုထားကြောင်း ရေးသားဖော်ပြသည်။

မန်စီးတီးအသင်းကမူ စွပ်စွဲမှု များအား ပြန်လည်ဖြေရှင်းရန် ငြင်း ဆန်ထားပြီး ဂုဏ်သိက္ခာညှိုးနွမ်းစေ ရန် ကြိုးပမ်းမှုဟု တုံ့ပြန်ခဲ့သည်။

Most Read

Most Recent