ကမ္ဘာ့ချန်ပီယံ အောင်လအား တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်မှုဆိုင်ရာသံတမန်အဖြစ် ခန့်အပ်

ကမ္ဘာ့ချန်ပီယံ အောင်လအား တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်မှုဆိုင်ရာသံတမန်အဖြစ် ခန့်အပ်
Published 11 November 2018

 

ကမ္ဘာ့ချန်ပီယံ အောင်လအား တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်မှုဆိုင်ရာ သံတမန်အဖြစ်ခန့်အပ်လိုက်ကြောင်း WWWF - Myanmar ရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး အားကစားသမားဖြစ်ပြီး One Championship ၏ကမ္ဘာ့ချန်ပီယံ အောင်လအား ကျွနု်ပ်တို့၏ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများတိုက်ဖျက်မှုဆိုင်ရာ သံတမန်အဖြစ် ဂုဏ်ယူစွာ ကြေညာလိုက်ကြောင်း၊ အောင်လသည် မြန်မာ့တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်ပြီး တက်ကြွစွာ တိုက်တွန်းအားပေးသူ တစ်ယောက်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင်ပြုလုပ်ခဲ့သည့် “မိုမိုတို့ရဲ့ ရင်တွင်းစကားသံ” တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှုကိုလည်း တက်ကြွစွာ ထောက်ခံသူတစ်ယောက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော့်အနေနဲ့ အခုလို WWWF - Myanmar ရဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်မှုဆိုင်ရာ သံတမန်ဖြစ်ခွင့်ရတာ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်တော့်ရဲ့ ရင်ထဲနှလုံးသားထဲကလာတဲ့ တိုက်ခိုက်ရေး ပွဲတစ်ခုလိုပဲ ခံစားရတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ဆိုင်တဲ့ ရာဇဝတ်မှုကို တားဆီးကာကွယ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ တိုက်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ကမ္ဘာ့ချန်ပီယံ အောင်လက ဆိုသည်။

ထို့ပြင် ဆင်၊ ကျား၊ သင်းခွေချပ်၊ ဝက် ဝံ၊ လိပ် နှင့် မြန်မာ့စပါးအုံး အစရှိသည်တို့သည် သဘာဝသစ်တောများတွင်သာရှိသင့်ပြီး စျေးကွက်များတွင် မရှိသင့်ကြောင်း၊ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်မှုကို တားမြစ်လိုက်သည့် ရန်ကုန်အား အထူးပင် ကျေးဇူးတင်ကြောင်း ကမ္ဘာ့ချန်ပီယံအောင်လက ပြောကြားသည်။

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများတိုက်ဖျက်ရာတွင် ကျွနု်ပ်တို့နှင့်အတူ အောင်လပါဝင်ပေးသည့်အတွက် ဝမ်း မြောက်ဝမ်းသာဖြစ်ပြီး ကျေးဇူးတင်ရပါကြောင်း WWWF - Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent