လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျာမန်တိုုက်စစ်ကစားသမား ဂျူလီယန်ဘရန့်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘရန့်(၂၉ နှစ်)ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လေဗာကူဆင်အသင်းမှာ အစပြုခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာကတည်းက ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့တာပါ။
ဘရန့်ကို ဒေါ့မွန်အသင်းက သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ ဘရန့်က ငြင်းဆန်ခဲ့ပြီး ပြည်ပနိုင်ငံတစ်ခုခုမှာ ထွက်ခွာကစားဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။
ဘရန့်ရဲ့ချစ်သူက စပိန်နိုင်ငံကနေ ဂျာမနီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စပိန်ဘာသာစကားကို သင်ကြားထားသူဖြစ်တာကြောင့် ဘရန့်အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာပိုများကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဘရန့်ဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၉၈)ပွဲ ကစားအပြီးမှာ (၅၆)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၆၈)ကြိမ် ပြုလုပ်ထားကြောင်း သိရပါတယ်။















