ပွဲ(၁၀၀)မြောက်မှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ နိုင်ပွဲအများဆုံးနည်းပြအဖြစ် အာနယ်ဆလော့ ရပ်တည်နိုင်ခဲ့

ပွဲ(၁၀၀)မြောက်မှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ နိုင်ပွဲအများဆုံးနည်းပြအဖြစ် အာနယ်ဆလော့ ရပ်တည်နိုင်ခဲ့
Photo: X
Photo: X
Published 11 March 2026

လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့ဟာ ပွဲ(၁၀၀)မြောက်မှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ လီဗာပူးလ်အသင်းရဲ့သမိုင်းမှာ ပထမဆုံးပွဲ(၁၀၀)အတွင်း နိုင်ပွဲအများဆုံးရယူနိုင်တဲ့နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းကို ၂၀၂၄ ဇွန်လမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အာနယ်ဆလော့ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးလ်နည်းပြဘဝ ပွဲ(၁၀၀)ပြည့်ခဲ့တာပါ။

ဒါပေမဲ့ ဂါလာတာစာရေးအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲ(၁၀၀)ပြည့်မှတ်တမ်းက မလှမပအဆုံးသတ်ခဲ့ရပါတယ်။

အာနယ်ဆလော့ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲ(၁၀၀)မှာ နိုင်ပွဲ(၆၂)ပွဲ ရရှိခဲ့ပြီး (၁၆)ပွဲသရေ၊ (၂၂)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် အသင်းရဲ့ ဂန္ထဝင်နည်းပြ ကန်နီဒဲဂလစ်ရှ်နဲ့အတူ နိုင်ပွဲအများဆုံးရရှိတဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

''လီဗာပူးလ်နည်းပြဖြစ်လာပြီး ပွဲ(၁၀၀)မြောက်အထိ ကိုင်တွယ်ခွင့်ရလာတဲ့အတွက် တကယ်ဂုဏ်ယူပါတယ်။ ဒီပွဲ(၁၀၀)အတွင်း ကျွန်တော့်မှာ မှတ်တမ်းဆိုးမရှိဘူးလို့လည်း ထင်ပါတယ်'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။

အာနယ်ဆလော့က ပွဲဦးထွက်ရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပေမဲ့ ဒီရာသီမှာ ရလဒ်တွေ ကျဆင်းနေတာကြောင့် ရာသီကုန်ရင် လမ်းခွဲရလိမ့်မယ်လို ထင်ကြေးပေးခံနေရပါတယ်။

 

Most Read

Most Recent