၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီလန်ဒါဘီနှစ်ကျော့စလုံးကို အေစီမီလန်အသင်း အနိုင်ရရှိ

၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီလန်ဒါဘီနှစ်ကျော့စလုံးကို အေစီမီလန်အသင်း အနိုင်ရရှိ
Photo: X
Photo: X
Published 9 March 2026

အေစီမီလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၂၈)မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီလန်ဒါဘီနှစ်ကျော့စလုံး အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

အေစီမီလန်အသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပထမအကျော့ပွဲစဉ်မှာလည်း အင်တာမီလန်အသင်းကို (၁-၀)ဂိုးနဲ့ပဲ အနိုင်ယူခဲ့တာပါ။

အေစီမီလန်အသင်းက ၂၀၁၀-၁၁ ရာသီတုန်းက အဝေးကွင်းမှာ (၁-၀)ဂိုး၊ အိမ်ကွင်းမှာ (၃-၀)ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီရာသီတုန်းက အေစီမီလန်အသင်း စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း မီလန်ဒါဘီပွဲမတိုင်ခင် အင်တာမီလန်အသင်းက (၁၀)မှတ်ဖြတ်ဦးဆောင်နေခဲ့ပေမဲ့ အေစီမီလန်အသင်း အနိုင်ရခဲ့တာကြောင့် (၇)မှတ်အကွာနဲ့ ချန်ပီယံမျှော်လင့်ချက် ပြန်လည်ရှင်သန်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ မီလန်ဒါဘီပထမအကျော့မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက စီးရီးအေမှာ ရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့ပြီး အခု မီလန်ဒါဘီဒုတိယအကျော့မှာ စီးရီးအေရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

အေစီမီလန်အသင်းဟာ မီလန်ဒါဘီမှာ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး (၅)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent