ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဒီရာသီမှာ ဘွန်ဒစ်လီဂါပွဲတိုင်း ပါဝင်ကစားထားတဲ့စံချိန် ဒီနေ့ည ရပ်တန့်တော့မှာဖြစ်ကြောင်း သိရပါတယ်။
ဟာရီကိန်းဟာ ခြေသလုံးဒဏ်ရာရနေတာကြောင့် ဒီနေ့ည ယှဉ်ပြိုင်ရမယ့် မိုချန်ဂလာဘတ်နဲ့ပွဲကို လွဲချော်ရမှာပါ။
ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီကတော့ ဟာရီကိန်းရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိကြောင်းနဲ့ အတ္တလန်တာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ဒီရာသီမှာ ဘွန်ဒစ်လီဂါပွဲစဉ်(၂၄)ပွဲကစားအပြီးမှာ ဂိုး(၃၀)သွင်းယူထားသူပါ။
ဒါကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါမှာ တစ်ရာသီအတွင်း (၄၁)ဂိုးသွင်းထားတဲ့စံချိန်ကို ချိုးဖျက်ဖို့ အလားအလာရှိနေပေမဲ့ အခုလို အနားယူရတဲ့အတွက် နစ်နာမှုဖြစ်စေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၄၅)ဂိုး သွင်းယူထားပြီး ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းနှုန်းအမြင့်ဆုံးရာသီလည်း ဖြစ်နေပါတယ်။















