မျက်လုံးဒဏ်ရာကြောင့် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ဘုရင့်ဖလားပွဲကို လီဝန်ဒေါစကီး လွဲချော်မယ်

မျက်လုံးဒဏ်ရာကြောင့် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ဘုရင့်ဖလားပွဲကို လီဝန်ဒေါစကီး လွဲချော်မယ်
Photo: X
Photo: X
Published 2 March 2026

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ မျက်လုံးဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်ရမယ်လို့ သိရပါတယ်။

လီဝန်ဒေါစကီးက ဗီလာရီးယဲလ်နဲ့ပွဲမှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘယ်ဘက်မျက်လုံးအိမ်ရဲ့ အတွင်းနံရံ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ဆရာဝန်တွေက အနည်းဆုံး(၄၈)နာရီအတွင်း ဘောလုံးမကစားဖို့ ညွှန်ကြားထားတာကြောင့် မနက်ဖြန်ည ယှဉ်ပြိုင်ကစားရမယ့် စပိန်ဘုရင့်ဖလားပွဲကို လွဲချော်ရမှာဖြစ်ပြီး ဘီလ်ဘာအိုနဲ့ လာလီဂါပွဲမှာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ အက်သလက်တီကိုအသင်းကို  (၀-၄)ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အလားအလာနည်းပါးနေပေမဲ့ နည်းပြ ဟန်ဆီဖလစ်ခ်ကတော့ (၄-၀)ဂိုးနဲ့ ပြန်အနိုင်ယူနိုင်တယ်လို့ ကြုံးဝါးထားပါတယ်။

လီဝန်ဒေါစကီးက ဘီလ်ဘာအိုနဲ့ပွဲမှာ မျက်လုံးကို အကာအကွယ်ဖြစ်စေမယ့် Mask တပ်ပြီး ယှဉ်ပြိုင်ကစားဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Most Read

Most Recent