ကွင်းထဲမှာ ပါးစပ်ကိုကွယ်ပြီး စကားပြောတဲ့ကစားသမားကို အနီကတ်ပြထုတ်ပယ်သင့်တယ်လို့ အင်ဖန်တီနို ပြောကြား

ကွင်းထဲမှာ ပါးစပ်ကိုကွယ်ပြီး စကားပြောတဲ့ကစားသမားကို အနီကတ်ပြထုတ်ပယ်သင့်တယ်လို့ အင်ဖန်တီနို ပြောကြား
Photo: X
Photo: X
Published 2 March 2026

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဖန်တီနိုက ဘောလုံးကွင်းထဲမှာ ပါးစပ်ကိုကွယ်ပြီး ပြိုင်ဘက်ကိုစကားပြောတဲ့ ကစားသမားကို အနီကတ်ပြထုတ်ပယ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘင်ဖီကာကစားသမား ပရီစတီယန်နီက ရီးယဲလ်ကစားသမား ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားခဲ့ကြောင်း တိုင်ကြားခံရတဲ့ပြဿနာကြောင့် အင်ဖန်တီနိုက အခုလိုပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

ပရီစတီယန်နီက ဗင်နီစီယပ်စ်ကို ပြောကြားရာမှာ ပါးစပ်ကို အကျင်္ီနဲ့ ကွယ်ထားခဲ့တာကြောင့် လူမျိုးရေးခွဲခြားကြောင်း သက်သေရှာဖွေရာမှာ အခက်တွေ့ခဲ့ရကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်ရဲ့ ရီးယဲလ်အသင်းဖော် အမ်ဘာပေက မျောက်လို့ ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ပရီစတီယန်နီကတော့ ငြင်းဆန်ထားပါတယ်။

ဒါကြောင့် ကနဦးပြစ်ဒဏ်အဖြစ် တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခံထားရပြီး ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း  သိရပါတယ်။

''ကစားသမားတစ်ယောက်က ပါးစပ်ကိုကွယ်ပြီး တစ်စုံတစ်ခုပြောခဲ့ရင် လူမျိုးရေးခွဲခြားမှုအဖြစ် ထုတ်ပယ်သင့်ပါတယ်။ ပါးစပ်ကို ဖုံးကွယ်တာက မပြောသင့်တာကို ပြောခဲ့တာကြောင့်လို့ မှတ်ယူရမှာပါ။ ကွယ်ဝှက်ရမယ့်စကားမဟုတ်ရင် ပါးစပ်ကို ဖုံးကွယ်မှာမဟုတ်ပါဘူး။ ဒါက ရှင်းပါတယ်'' လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent