ပီဆာ - ဘိုလော့ဂ်နာ (မတ် ၂ ရက်နေ့ ည ၁၂းဝ၀ နာရီ)
ပီဆာက စီးရီးဘီဆီ တန်းပြန်ဆင်းရဖို့ ခြေလှမ်းပြင်နေပြီး နိုင်ပွဲပျောက်နေတာလည်း (၁၅)ပွဲရှိပါပြီ။ ဘိုလော့ဂ်နာက နောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး အဝေးကွင်းမှာလည်း (၃)ပွဲဆက် အနိုင်ရထားပါတယ်။ ပီဆာအသင်းကို ပထမအကျော့တုန်းက (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘိုလော့ဂ်နာအသင်း ဒီပွဲမှာလည်း အလွယ်တကူအနိုင်ရမှာ သေချာပါတယ်။
အူဒီးနီးစ် - ဖီအိုရင်တီးနား (မတ် ၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဖီအိုရင်တီးနားက အဆင့်(၁၆)နေရာရောက်နေပြီး အဆင့်(၁၈)နေရာကအသင်းနဲ့ (တစ်ပွဲလျော့ကစားပြီး) အမှတ်တူအနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်နေရပြီး အူဒီးနီးစ်ကတော့ ဖိအားသိပ်မရှိပါဘူး။ ဒါပေမဲ့ လတ်တလောခြေစွမ်းမှာတော့ အူဒီးနီးစ်က နောက်ဆုံး(၃)ပွဲဆက်ရှုံးနိမ့်ပြီး ဖီအိုရင်တီးနားက စီးရီးအေမှာ နိုင်ပွဲဆက်နေပါတယ်။ ဒါကြောင့် အဝေးကွင်းဖြစ်ပေမဲ့ ဖီအိုရင်တီးနားကို ရွေးချင်ပါတယ်။
ရီးယဲလ်မက်ဒရစ် - ဂီတာဖေး (မတ် ၃ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က ချန်ပီယံပြေးလမ်းမှာ ဘာစီလိုနာနဲ့ အမှတ်ထပ်မပြတ်ဖို့ လိုအပ်နေပြီး ဂီတာဖေးကလည်း တန်းဆင်းဇုန်ထဲကအသင်းနဲ့ (၅)မှတ်သာကွာဟတာကြောင့် အမှတ်လိုနေပါတယ်။ ဂီတာဖေးအသင်းရဲ့ လတ်တလောခြေစွမ်းနဲ့တော့ ဘာနေဗျူးကွင်းမှာ ပေးဂိုးနည်းဖို့ပဲ ကြိုးစားရမှာပါ။ ရီးယဲလ်က ဂီတာဖေးကို နောက်ဆုံး(၉)ပွဲဆက်တိုက် အနိုင်ရထားပေမဲ့ (၂)ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲတော့ မရှိခဲ့ပါဘူး။ ဒီပွဲမှာလည်း ရီးယဲလ်အသင်း (၂-၀)ဂိုးလောက်နဲ့ပဲ အနိုင်ရမယ်ထင်ပါတယ်။















