စပါးအသင်း တန်းဆင်းတိုက်ပွဲအတွင်း ရောက်ရှိနေပြီလို့ ရွန်နီ သုံးသပ်

စပါးအသင်း တန်းဆင်းတိုက်ပွဲအတွင်း ရောက်ရှိနေပြီလို့ ရွန်နီ သုံးသပ်
Photo: X
Photo: X
Published 9 February 2026

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက စပါးအသင်းဟာ အဆင့်(၁၅)နေရာမှာ ရပ်တည်နေပေမဲ့ တန်းဆင်းတိုက်ပွဲအတွင်း ရောက်ရှိနေပြီလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ (၆)မှတ်သာကွာဟပြီး ပရီးမီးယားလိဂ်မှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတာကြောင့် ရွန်နီက အခုလို သုံးသပ်ခဲ့ခြင်းဖြစ်ပါတယ်။

''သူတို့ရဲ့ လတ်တလောရလဒ်ပိုင်းအရ သူတို့ကို တန်းဆင်းတိုက်ပွဲထဲ ရောက်နေပြီလို့ ပြောရမှာပါ။ သူတို့ရောက်နေတဲ့နေရာအရ တန်းဆင်းတိုက်ပွဲထဲမှာ ရှိမနေဘူးလို့ ခင်ဗျား မတွေးနိုင်ပါဘူး။ သူတို့ ပခုံးပေါ်ကအရာကို သူတို့ သေချာပေါက်ဂရုစိုက်ရတော့မယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း တန်းဆင်းဇုန်နဲ့ကပ်လျက် အဆင့်(၁၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီမှာ ထပ်ပြီးရုန်းကန်နေရတာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု မရရှိဖူးသလို၊ တန်းဆင်းရဖူးခြင်းလည်း မရှိသေးဘဲ ပြီးခဲ့တဲ့ရာသီက အဆင့်(၁၇)ရောက်ခဲ့တာဟာ ပရီးမီးယားလိဂ်ခေတ်မှာ အနိမ့်ဆုံးရပ်တည်မှုဖြစ်ခဲ့ပါတယ်။

Most Read

Most Recent