စီးရီးအေ နဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ နဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 9 February 2026

အတ္တလန်တာ - ခရီမိုနီဆီ (ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၂းဝ၀ နာရီ)

ခရီမိုနီိဆီအသင်းက စီးရီးအေမှာ (၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ (၅)မှတ်သာကွာဟပါတော့တယ်။ အတ္တလန်တာကတော့ အဆင့်(၇)နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ချန်ပီယံလိဂ်မှာ ရှုံးပွဲဆက်ခဲ့ပေမဲ့ စီးရီးအေမှာတော့ ၂၀၂၆ အတွင်း ရှုံးပွဲမရှိသေးပါဘူး။ အတ္တလန်တာအသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်တာကြောင့် အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

ရိုးမား - ကာဂလီယာရီ (ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၂း၁၅ နာရီ)

ရိုးမားက ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ကာဂလီယာရီက (၃)ပွဲဆက် အနိုင်ရထားပါတယ်။ ကာဂလီယာရီအသင်း အနိုင်ယူခဲ့တဲ့အထဲမှာ ဂျူဗင်တပ်စ်လိုအသင်း ပါဝင်ခဲ့တာကြောင့် ရိုးမားအသင်း အိမ်ကွင်းဖြစ်ပေမဲ့ လျှော့တွက်လို့ မရပါဘူး။ ရိုးမားအသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်နိုင်ပါတယ်။

ဗီလာရီးယဲလ် - အက်စ်ပန်ညို (ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၂း၃၀ နာရီ)

လတ်တလောအညံ့ပြိုင်နေတဲ့နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းစလုံး နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားကြပါတယ်။ ဒီလိုအနေအထားမှာပဲ လာလီဂါအမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေနိုင်ဆဲဖြစ်တာကတော့ အံ့အားသင့်စရာပါပဲ။ ထိပ်တိုက်တွေ့ဆုံမှုမှာ (၆)ပွဲဆက်အနိုင်ရထားသလို၊ အိမ်ကွင်းလည်းဖြစ်တဲ့  ဗီလာရီးယဲလ်ကိုပဲ ရွေးချယ်ရမှာပါ။

Most Read

Most Recent