ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မာရာဒိုနာကို အန်ဒီကိုးလ် ရွေးချယ်

ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မာရာဒိုနာကို အန်ဒီကိုးလ် ရွေးချယ်
Photo: X
Photo: X
Published 4 February 2026

မန်ယူအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အန်ဒီကိုးလ်က ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ကို မရွေးချယ်ဘဲ မာရာဒိုနာကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

အန်ဒီကိုးလ်ကို ESPN က ဘောလုံးကမ္ဘာရဲ့ ထာဝရအကောင်းဆုံးဘောလုံးသမားက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ အန်ဒီကိုးလ်က ဒီယေဂိုမာရာဒိုနာလို့ ဖြေခဲ့တာပါ။

အန်ဒီကိုးလ်က ပီလီနဲ့ ဂျော့ချ်ဘတ်စ်တို့ရဲ့ အရည်အသွေးကိုလည်း သူ့အနေနဲ့ သံသယဝင်ခြင်းမရှိပေမဲ့ အဲဒီကစားသမားတွေ ကစားတာကို မြင်တွေ့ဖူးခြင်းမရှိဘဲ မာရာဒိုနာကို ကြည့်ရှုပြီး ကြီးပြင်းလာတာကြောင့် အခုလို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက်(၅၄)နှစ်ရှိပြီဖြစ်တဲ့ အန်ဒီကိုးလ်က အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားဘဝကနေ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ Hall of Fame မှာလည်း ထည့်သွင်းဂုဏ်ပြုခြင်းခံထားရပါတယ်။

အန်ဒီကိုးလ်က ဂိုးသမားတွေထဲမှာ အကောင်းဆုံးက မန်ယူဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ဖြစ်ပြီး တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးက ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုဖြစ်တယ်လို့လည်း ရွေးချယ်ခဲ့ပါတယ်။

Most Read

Most Recent