လိဂ်ဖလား၊ ပြင်သစ်ဖလား၊ ဂျာမန်ဖလား၊ ကိုပါအီတာလီယာနဲ့ စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား၊ ပြင်သစ်ဖလား၊ ဂျာမန်ဖလား၊ ကိုပါအီတာလီယာနဲ့ စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 4 February 2026

မန်စီးတီး - နယူးကာဆယ် (ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)

မန်စီးတီးအသင်းက ပထမအကျော့အဝေးကွင်းပွဲမှာ (၂-၀)ဂိုးနဲ့ အနိုင်ရထားတာကြောင့် လိဂ်ဖလားဗိုလ်လုပွဲဆီ ခြေတစ်ဖက်လှမ်းထားပြီလို့ ဆိုနိုင်ပါတယ်။ မန်စီးတီးရဲ့ ဒီရာသီခြေစွမ်းက လက်ရှိအချိန်အထိ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပေမဲ့ နယူးကာဆယ်ရဲ့ ခြေစွမ်းကလည်း မတည်ငြိမ်ပါဘူး။ လတ်တလောမှာလည်း နယူးကာဆယ်အသင်း ပွဲကျပ်တွေကြား ရုန်းကန်နေရပါတယ်။ အိမ်ကွင်းမှာ ဆက်တိုက်အနိုင်ရထားတဲ့ နယူးကာဆယ်ကို ဒီပွဲမှာလည်း မန်စီးတီးအသင်း ထပ်အနိုင်ယူဦးမှာပါ။

အင်တာမီလန် - တိုရီနို (ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)

အင်တာမီလန်က ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်အနိုင်ရထားပြီး တိုရီနိုကတော့ နောက်ဆုံး(၃)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ကိုမိုနဲ့ပွဲမှာ ဂိုးဒါဇင်ဝက်ပေးခဲ့ရတဲ့ ခံစစ်ပိုင်းက အင်တာမီလန်တိုက်စစ်ကို ခုခံနိုင်ဖို့ မလွယ်ပါဘူး။ ထိပ်တိုက်ဆုံတွေ့မှုမှာ (၇)ပွဲဆက်တိုက် အနိုင်ရထားတဲ့ အင်တာမီလန်ကိုပဲ ရွေးချယ်ရမှာပါ။

အလာဗတ်စ် - ဆိုစီဒက်  (ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ဆိုစီဒက်က ပြိုင်ပွဲစုံ(၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားသလို၊ အလာဗတ်စ်ကလည်း နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားပါတယ်။ အလာဗတ်စ်က ဆိုစီဒက်ကို နောက်ဆုံးဆုံတွေ့တဲ့ သုံးပွဲဆက် အနိုင်ယူထားသလို၊ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေတာကြောင့် အလာဗတ်စ်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။

ဗလင်စီယာ - ဘီလ်ဘာအို (ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ဗလင်စီယာအတွက် စပိန်ဘုရင့်ဖလားထက် လာလီဂါမှာ တန်းဆင်းဇုန်နဲ့ ဝေးဖို့က ပိုအရေးကြီးနေပါတယ်။ ဘီလ်ဘာအိုကလည်း ဗလင်စီယာနဲ့ (၂)မှတ်သာကွာတာကြောင့် တန်းဆင်းအန္တရာယ်နဲ့ မလွတ်ကင်းသေးပါဘူး။ ဗလင်စီယာက ပြီးခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဘက်တစ်ကို ရှုံးခဲ့ပေမဲ့ ခြေစွမ်းတက်လာပါတယ်။ ဗလင်စီယာကိုပဲ ကြိုက်ပါတယ်။

အခြားပွဲများ

လော်ရီယန့် - ပါရီ *

* လိုင်ယွန် - လာဗယ်လ်

* နိုက်စ် - မောင့်ပယ်လီယာ

* တူးလူး - အာမီယန်စ်

ထရွိုင်စ် -  လန်းစ် *

ဟော်စတိန်း - စတုဂတ် *

Most Read

Most Recent