ဆန်းဒါးလန်း - ဘန်လေ (ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဘန်လေအသင်းရဲ့ ပရီးမီးယားလိဂ်ရှင်သန်ခွင့်မျှော်လင့်ချက်က တဖြည်းဖြည်းအားလျော့လာပါပြီ။ ဒါပေမဲ့ နောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စွမ်းဆောင်ရည်ကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီး(၃)သင်းဖြစ်တဲ့ မန်ယူ၊ လီဗာပူးလ်နဲ့ စပါးတို့ကို သရေကစားခဲ့တာပါ။ ဆန်းဒါးလန်းကလည်း လတ်တလောမှာ ရလဒ်သိပ်မကောင်းပေမဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အသင်းပါ။ ပထမအကျော့က ရှုံးကြွေးကို ဆန်းဒါးလန်း ပြန်ဆပ်ပါလိမ့်မယ်။
အူဒီးနီးစ် - ရိုးမား (ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ရိုးမားက ယူရိုပါလိဂ်တစ်ဖက်နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပေမဲ့ ရလဒ်ပိုင်းက ကျေနပ်စရာကောင်းပါတယ်။ အူဒီးနီးစ်ရဲ့ လတ်တလောခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး(၆)ပွဲဆက်တိုက် အနိုင်ရထားတဲ့ ရိုးမားအသင်းဘက်မှာပဲ ရပ်တည်ချင်ပါတယ်။
မာယော့ကာ - ဆီဗီလာ (ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၂း၃၀ နာရီ)
မာယော့ကာက အဆင့်(၁၈)၊ ဆီဗီလာက အဆင့်(၁၄)မှာ ရှိနေပေမဲ့ အမှတ်ကွာဟချက်က (၃)မှတ်သာ ရှိပါတယ်။ ဒါကြောင့် ဆီဗီလာလည်း တန်းဆင်းဇုန်နဲ့ ဝေးအောင် အမှတ်ရှာနိုင်ဖို့ လိုနေပါတယ်။ လတ်တလောခြေစွမ်းကတော့ နှစ်သင်းစလုံး အညံံ့ပြိုင်နေသလိုပါပဲ။ ဒါကြောင့် အိမ်ကွင်းအားသာချက်ရှိတဲ့ မာယော့ကာကိုပဲ ရွေးချယ်ချင်ပါတယ်။















