ရန်းစ်နောက်ခံလူ ယက်ကေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ လီဗာပူးလ်အသင်း ပေါင်သန်း(၆၀)နဲ့ သဘောတူညီမှုရရှိ

ရန်းစ်နောက်ခံလူ ယက်ကေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ လီဗာပူးလ်အသင်း ပေါင်သန်း(၆၀)နဲ့ သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 2 February 2026

လီဗာပူးလ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်နောက်ခံလူ ဂျရေမီယက်ကေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပေါင်သန်း(၆၀)နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းက စီစဉ်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မန်စီးတီးအသင်းထံ ရောက်ရှိသွားခဲ့တာကြောင့် ယက်ကေးကို ခေါ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ယက်ကေးဟာ ပြင်သစ်ယူ-၂၁ အသင်းမှာ ကစားနေသူဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်းမရှိသေးပါဘူး။

လီဗာပူးလ်အသင်းက ယက်ကေးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ Add-ons ကြေးပေါင်(၅)သန်း ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီမှာ ပြင်သစ်နောက်ခံလူ ကိုနာတေးကို ထွက်ခွာခွင့်ပြုရတော့မှာဖြစ်တာကြောင့် ယက်ကေးကို အသင်းမှာ ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent