အသင်းလက်မဲ့ဖြစ်နေတဲ့ စတာလင် ဖူလ်ဟမ်နဲ့ အီတလီကလပ်တွေကို ရောက်ရှိဖို့ ရေပန်းစားနေ

အသင်းလက်မဲ့ဖြစ်နေတဲ့ စတာလင် ဖူလ်ဟမ်နဲ့ အီတလီကလပ်တွေကို ရောက်ရှိဖို့ ရေပန်းစားနေ
Photo: X
Photo: X
Published 30 January 2026

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ ဖူလ်ဟမ်နဲ့ အီတလီကလပ်တွေကို ရောက်ရှိဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။

စတာလင်ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း (၁၈)လ ကျန်ရှိနေသေးပေမဲ့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းခံရခြင်းမရှိတော့တာကြောင့် လမ်းခွဲဖို့  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စတာလင်ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ် ပေါင်(၃၂၅၀၀၀)ရရှိနေပေမဲ့ လျော်ကြေးငွေအနည်းငယ်ရယူပြီး စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဗြိတိန်မီဒီယာတချို့က စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်း(၇)သင်း၊ (၈)သင်းလောက်ရှိနေပြီး စပါး၊ ဂျူဗင်တပ်စ်၊ နာပိုလီ၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ ပါရှိကြောင်း ဖော်ပြခဲ့ပါတယ်။

စတာလင်ရောက်ရှိနိုင်တဲ့ ကလပ်အသင်းအတွက် အလေးပေးမှုမှာတော့ အင်္ဂလန်ကလပ်တွေထဲမှာ ဖူလ်ဟမ်အသင်းကို ရောက်ရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး  အီတလီကလပ်တစ်သင်းသင်းကို ရောက်ရှိဖို့လည်း ဖူလ်ဟမ်နည်းတူ (၂း၁)လေး သတ်မှတ်ထားကြောင်း သိရပါတယ်။

Most Read

Most Recent