လီဗာပူးလ်ဂန္ထဝင်အသင်းနဲ့ ဒေါ့မွန်ဂန္ထဝင်အသင်းတို့ရဲ့ ရန်ပုံငွေပွဲမှာ ယာဂန်ကလော့ပ် လီဗာပူးလ်လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်မယ်

လီဗာပူးလ်ဂန္ထဝင်အသင်းနဲ့ ဒေါ့မွန်ဂန္ထဝင်အသင်းတို့ရဲ့ ရန်ပုံငွေပွဲမှာ ယာဂန်ကလော့ပ် လီဗာပူးလ်လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်မယ်
Photo: LFC
Photo: LFC
Published 30 January 2026

လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်ဂန္ထဝင်အ သင်းနဲ့ ဒေါ့မွန်ဂန္ထဝင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ရန်ပုံငွေပွဲမှာ လီဗာပူးလ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါရန်ပုံငွေပွဲကို မတ် ၂၈ ရက် စနေနေ့မှာ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လီဗာပူးလ်ဂန္ထဝင်အသင်းရဲ့ နည်းပြအဖြစ် ဒဲဂလစ်ရှ်က တာဝန်ယူမှာပါ။

ဒဲဂလစ်ရှ်ရဲ့ လက်ထောက်နည်းပြတွေအဖြစ် အီယန်ရပ်ရှ်၊ ဂျွန်အယ်လ်ဒရစ်တို့နဲ့အ တူ ယာဂန်ကလော့ပ်က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္ထဝင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် စတီဗင်ဂျရတ်က  ဦးဆောင်ကစားမှာဖြစ်ပြီး ဒူးဒက်၊ ပီပီရေနာ၊ ဟစ်ပီယာ၊ အော်ရီယယ်လို၊ ဗစ်ဂ်နယ်လ်၊ မာတင်ကယ်လီ၊ ဘီနာယောင် စတဲ့ ကစားသမားဟောင်းတွေ ပါဝင်ကစားမယ်လို့ သိရပါတယ်။

ယာဂန်ကလော့ပ်ဟာ နည်းပြဘဝမှာ ကလပ်အသင်းသုံးသင်းကိုသာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လီဗာပူးလ်အသင်းကို မကိုင်တွယ်ခင်က ဒေါ့မွန်အသင်းကို ခုနစ်နှစ်ကြာ ကိုင်တွယ်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ လမ်းခွဲခဲ့တာက (၁၁)နှစ်ကြာမြင့်ပြီဖြစ်တာကြောင့် သူ့လက်ထက်က ကစားသမားတွေလည်း လာမယ့်ရန်ပုံငွေပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ပါဝင်ကစားမယ့် ကစားသမားစာရင်းအတိအကျကိုတော့ လက်ရှိအချိန်မှာ အတည်ပြုထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ဒီပွဲကို LFC Foundation အတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လက်မှတ်နှုန်းထားများအဖြစ် လူကြီး ၂၉.၅၀ ပေါင်၊ မသန်စွမ်း ၁၉.၅၀ ပေါင်၊ ကလေး ၉. ၅၀ ပေါင် သတ်မှတ်ထားကြောင်း သိရပါတယ်။

LFC Foundation ဟာ ၂၀၃၀ ခုနှစ်ကစပြီး တစ်ရာသီ လူ(၅၀၀၀၀၀)ကို ထောက်ပံ့ ကူညီမှုပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေရှာဖွေမှုတွေ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရ ပါတယ်။

Most Read

Most Recent