■ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်လူထုတွေ့ဆုံပွဲ ပြင်ဦးလွင်မြို့တွင် ပြုလုပ်

■ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်လူထုတွေ့ဆုံပွဲ ပြင်ဦးလွင်မြို့တွင် ပြုလုပ်
Published 24 December 2025

ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်လူထုတွေ့ဆုံပွဲ ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင်ခရိုင်အားကစားကွင်းတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်လူထုတွေ့ဆုံပွဲကို ပါတီဝင်များ၊ ထောက်ခံအားပေးကြသူများအပါအဝင် မြို့ခံလူထုမှလည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ပြည်ခိုင်းပါတီ(ဗဟို)ဒုတိယဥက္ကဌ ဦးလှထွန်းလည်းတက်ရောက်ကာ ပါတီ၏မူဝါဒလမ်းစဉ်များအပါအဝင် လက်ရှိနိုင်ငံရေးအခြေနေနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံးမဲပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ပြင်ဦးလွင်မြို့နယ်ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြထွန်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဟိန်းမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝင်းဇော်၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းအောင်ကြည်တို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြထွန်းဦးသည် ၎င်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ထိ နေရာဒေသအနှံ့ရာထူးတာဝန်အဆင့်ဆင့်ကိုထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent