ပြည်သူ့ပါတီက ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်ပြီး ကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံ အပ်နှံခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပရာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွေးနံ့သာရည်များ ပက်ဖြန်းပေးပြီးပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပဲခူးတိုင်းအတွင်းမှ ဝင်ရောက်အရွေးချယ်ခံမည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ ဧရာဝတီတိုင်းဒေသကြီးရုံးခန်းတွင် နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့ပါတီ ဗဟိုဥက္ကဋ္ဌဦးကိုကိုကြီးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းအတွင်းမှ ဝင်ရောက်အရွေးချယ်ခံမည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံ အပ်နှံခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။















