၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားအား ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ထိုနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းရလဒ်များအား အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့သည်။
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းသည် ၅၁ ဒသမ ၄ သန်းဖြစ်ပြီး စုစုပေါင်း လူဦးရေတွင် အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။















