■ UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါ်သက်သက်ခိုင် မပါဝင်ဟု သတင်းထွက်

■ UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါ်သက်သက်ခိုင် မပါဝင်ဟု သတင်းထွက်
Published 25 October 2025

■ အဆိုပါ သတင်းမှာ သတင်းအမှားဟု ပါတီတာဝန်ရှိသူတစ်ဦး ငြင်းဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် မပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့သော်လည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုသည်။

"UEC က ကျွန်မတို့ကို ကတ်တွေတောင် ထုတ်ပေးပြီးသွားပါပြီ။ ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း သတင်းအမှားတွေပါ။ နာမည်စာရင်းလည်း မကျန်ပါဘူး။ သူ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ သွားကြည့်လို့ ရပါတယ်။ သတင်းအမှားတွေပါ" ဟု ပါတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်သက်သက်ခိုင်သည် နိုင်သူအကုန်ယူ စနစ်ဖြင့် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီး ခြောက်ခုတွင် ပါဝင်သည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း ၆၇၂ ဦး တင်သွင်းထားခြင်းဖြစ်သည်။

မည်သည့်အကြောင်းကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရသည်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသည့်အတွက် ဒေါ်သက်သက်ခိုင်အနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမတ်လောင်း စာရင်းတွင် ၎င်း၏ နာမည် မပါဝင်လာခြင်းဖြစ်သည်ဟု BBC သတင်းဌာနကလည်း ဖော်ပြထားသည်။

Most Read

Most Recent