ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့

ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့
Published 9 October 2025

ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာ နိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ပြန်ပို့ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ရနောင်းမြို့၊ လူဝင်မှု ကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC ( Immigration Detention Center )၌ ထိန်းသိမ်းထားရှိသောမြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးမှပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသားများမှာအကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေများကိုဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ပြီးအမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၉၀ ဦးဖြစ်ကြောင်း သိရသည်။

ရနောင်းမြို့အခြေစိုက်အလုပ်သမားသံအရာရှိ ဦးမိုးဇော် ဦးဆောင်၍လာရောက်လွှဲပြောင်းပေးခဲ့ရာမြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဌ ဦးနိုင်လင်းထက်နှင့်တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။ ပြန်လည်ရောက်ရှိလာသောမြန်မာနိုင်ငံသားများကိုကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ အပါအဝင်အခြားရောဂါပိုးများကူးစစ်ခံရမှုရှိ/မရှိစစ် ဆေးခြင်း၊တာဝန်ရှိသူများကကိုယ်ရေးအချက်အလက်များ ရယူခြင်း၊အမည်မည်းစာရင်းတွင်ပါဝင်သူများ၊လူကုန်ကူးမှုဖြင့် အလိုရှိသူများနှင့်လူကုန်ကူးခံရသူများ၊တရားခံပြေးများ၊နိုင်ငံခြားသားများပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးပြီးနေထိုင်ရာ နေရပ်‌ဒေသ အသီးသီးသို့ ပို့ဆောင်ရန်စီစဉ်ပေးခဲ့ကြောင်းသိရသည်။

 

Most Read

Most Recent