တရုတ်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့မှ စီချွမ်ပြည်နယ် ချန်ဒူးမြို့သို ဆက်လက်ထွက်ခွာသည်။
ယနေ့(စက်တင်ဘာ ၅ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ ဟာပင်းမြို့ရှိ Taiping International Airport မှ စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဟာပင်းမြို့မှ စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ ထွက်ခွာသည့် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးက ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
ခရီးစဉ်အတွင်း ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံနွေးနွေးခြင်းအပါအဝင် စက်ရုံ၊ အလုပ်ရုံများအား သွားရောက်လေ့လာခဲ့သည်။















