■ တရုတ်သမ္မတ တည်ခင်းဧည့်ခံသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် နေ့လယ်စာပွဲအခမ်းအနားသို့ ယာယီသမ္မ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တက်ရောက်

■ တရုတ်သမ္မတ တည်ခင်းဧည့်ခံသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် နေ့လယ်စာပွဲအခမ်းအနားသို့ ယာယီသမ္မ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တက်ရောက်
Published 3 September 2025

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် တရားဝင် နေ့လယ်စာပွဲအခမ်းအနားသို့ ယာယီသမ္မ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်လျက်ရှိသည်။

ယနေ့(စက်တင်ဘာ ၃ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ Great Hall ၌ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် တရားဝင်နေ့လယ်စာစားပွဲနှင့် ဖျော်ဖြေပွဲအခမ်းအနားအား ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည့် ယာယီသမ္မ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြသည်။

ထို့ပြင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ဘေကျင်းမြိုရှိ Tian'anmen ရင်ပြင်၌ ယနေ့(စက်တင်ဘာ ၃ ရက်) ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်  ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်သည့် မြောက်ကိုးရီးယားခေါင်​​ဆောင် ကင်ချုံအွန်၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ကာဇက်စတန်သမ္မတ ကတ်ခ်ဆန်ဂျိုးမာ့တ်တိုးကာရာ့ဖ်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှင်းကော့၊ လာအိုနိုင်ငံသမ္မတ သောင်လောင်ဆီဆိုလစ် အပါအဝင် အခြားနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent