မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် ပံ့ပိုးပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် ပံ့ပိုးပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 1 August 2025

မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် ပံ့ပိုးပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ရာ ယင်းကြေညာချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က မှတ်ချက်ပေးပြောကြားသည်။

“မြန်မာရဲ့မိတ်ဆွေနဲ့အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ ကျွန်တော်တို့က မြန်မာနိုင်ငံကို ပ့ံပိုးသွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်လာစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေး ဆိုင်ရာမူဝါဒတွေကို မှန်မှန်ရှေ့တိုးဆောင် ရွက်ရာမှာလည်း မြန်မာနိုင်ငံကို ထောက်ခံသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့အမျိုးသားရေး အခြေအနေတွေနဲ့သင့်လျှော်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို အကောင်အထည်ဖော်ရာမှာလည်း ကျွန်တော်တို့က ထောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိပါတီများနှင့် အဖွဲ့အစည်းများက အတူကွဲပြားမှုများကို ဆီလျှော်စွာကိုင်တွယ်ရာတွင်ဖွဲ့စည်းပုံနှင့် ဥပဒေဘောင်အတွင်းမှနေ၍ နိုင်ငံရေးနည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်ခြင်းကို မိမိတို့ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားခဲ့သည်။

Most Read

Most Recent