■ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူမည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်း

■ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူမည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်း
နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးညိုစော အား ယာယီသမ္မတ (တာဝန် ) တပ်မတော် ကာကွ.ယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပြည်တွင်းခရီးတစ်ခုတွင် တွေ့ရစဉ်
နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးညိုစော အား ယာယီသမ္မတ (တာဝန် ) တပ်မတော် ကာကွ.ယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပြည်တွင်းခရီးတစ်ခုတွင် တွေ့ရစဉ်
Published 31 July 2025

နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူမည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဇူလိုင် ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးညိုစောအား တာဝန်ပေးအပ်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်သည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်အောင်စန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမောင်မောင်တင့်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးထွန်းအုံတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။

ထို့အတူ  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့အား တာန်ပေးအပ်ထားသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဝါဝါမောင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းနောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလှမိုးတို့ကို တာဝန်ပေးအပ်ထားသည်။

အလားတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ချာလီသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးချစ်ဆွေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန််ကြီးအဖြစ် ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းတို့အား တာဝန်ပေးအပ်ထားသည်။

အားကစားနှင့်လူငယ်ရေးရာဝန််ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် Jeng Phang နော်တောင်၊ ဆောက်လုပ်ရေးဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ စိုးဝင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးနေလင်းတို့အား အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

Most Read

Most Recent