■ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း

■ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း
Published 31 July 2025

နိုင်ငံတော်လုံခြံုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဇူလိုင် ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့အား တာဝန်ပေးအပ်ထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ရန်အတွက် ခြောက်လ သက်တမ်းတိုးပေးခဲ့ခြင်းသည် ဇူလိုင် ၃၁ ရက်တွင် အချိန်ကာလ ပြည့်မြောက်ခဲ့ပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ထပ်မံသက်တမ်းတိုးပေးခဲ့ခြင်း မပြုတော့ဘဲ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။

Most Read

Most Recent