■ စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 May 2025

အတ္တလန်တာ - ပါးမား (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

အတ္တလန်တာက အဆင့်(၃)နေရာသေချာသွားပြီဖြစ်တာကြောင့် အရန်ကစားသမားအများစုကိုပဲ ပွဲထုတ်ဖို့ရှိတယ်။ ပါးမားကတော့ တန်းဆင်းအန္တရာယ်ရှိသေးတယ်။ ပါးမားကို အရဲစွန့် ရွေးချယ်ချင်ပါတယ်။



အမ်ပိုလီ - ဗီရိုနာ (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

အမ်ပိုလီက ဗီရိုနာကို Head to Head အသာရထားလို့ ဒီပွဲနိုင်တာနဲ့ တန်းမဆင်းတော့ဘူး။ ဗီရိုနာကလည်း အဝေးကွင်း ဆိုရင် သိသိသာသာ ကျဆင်းသွားတတ်တဲ့ အသင်းပါ။ အမ်ပိုလီနဲ့ ဂိုးအများကို ကြိုက်တယ်။



လာဇီယို - လက်ချီ (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိသေးပေမဲ့ ဖြစ်နိုင်ခြေနည်းလွန်းတယ်။ လက်ချီကတော့ တန်းမဆင်းရဖို့ အားစိုက်နေပြီး နောက်ပိုင်းမှာ သူတို့ရဲ့ ရလဒ်ပိုင်းကို ကြည့်ရင်လည်း တိုးတက်လာတယ်လို့ ဆိုရမယ်။ လက်ချီနဲ့ စွန့်စားသင့်ပါတယ်။



တိုရီနို - ရိုးမား (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

ရိုးမားအတွက်တော့ တကယ့်ကို သေရေးရှင်ရေးပွဲပါပဲ။ ဂျူဗင်တပ်စ်ခြေချော်ခဲ့ရင်ဆိုတဲ့ စိတ်မျိုးနဲ့ ကစားရမယ့်ပွဲမျိုးဖြစ် ပြီး ရိုးမားအနေနဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်ထားဖို့လိုနေတယ်။ တိုရီနိုက နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက် ဆုံးနေတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကလည်း အတော့်ကို အားနည်းပါတယ်။ တူရင်မှာ ကစားရမှာဖြစ်ပေမဲ့ ရိုးမားအသင်း အနိုင်ကစားသွားလိမ့်မယ်။



အူဒီးနီးစ် - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

အူဒီးနီးစ်က ရှုံးပွဲဆက်နေပေမဲ့ ကစားပုံမဆိုးပါဘူး။ ဖီအိုရင်တီးနားကလည်း ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အသင်းပါ။ ရာသီပိတ်ပွဲကိုတော့ အူဒီးနီးစ် အမှတ်ရအောင် ကြိုးစားမှာပါ။ ဂိုးနည်းနိုင်တယ်။



ဗင်နီဇီယာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

ဗင်နီဇီယာက သချာင်္နည်းအရ တန်းမဆင်းရဖို့ ရုန်းကန်ရဦးမှာဖြစ်ပေမဲ့ ဖြစ်နိုင်ခြေအတော့်ကို နည်းနေပါပြီ။ ဂျူဗင်တပ်စ် ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဒီပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတယ်။ နောက်ဆုံးပွဲမှာ ဗလာဟိုဗစ် ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း ဂျူဗင်တပ်စ်အတွက် ကျေနပ်စရာပါပဲ။ ဂျူဗင်တပ်စ်အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

Most Read

Most Recent