ဂျီရိုနာ - အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၆:၃၀ နာရီ)
ဒီပွဲကတော့ နှုတ်ဆက်သရုပ်ပြပွဲသာသာပါပဲ။ အက်သလက်တီကိုက အဆင့် (၃) နေရာ သေချာနေသလို၊ ဂျီရိုနာကလည်း လာလီဂါမှာ ဆက်ရှင်သန်ခွင့်ရထားပြီဖြစ်လို့ နှစ်သင်းစလုံး ပေါ့ပေါ့ပါးပါးပဲ ကစားသွားဖို့ များနေတယ်။ ဒါပေမဲ့ တစ်ရာသီလုံးခြေစွမ်းမပြနိုင်ခဲ့မှုအတွက် အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေ စိတ်ကျေနပ်အောင် ဂျီရိုနာ ပိုအားထည့်လာနိုင်တယ်။ ဂျီရိုနာနဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။
ဗီလာရီးယဲလ် - ဆီဗီလာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၈:၄၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာသွားပြီဖြစ်လို့ ဗီလာရီးယဲလ် အိမ်ကွင်းမှာ စိတ်အေးလက်အေးနဲ့ ကစားခွင့်ရထားပါ ပြီ။ ဆီဗီလာကလည်း တန်းမဆင်းရတော့ဘူးဆိုတော့ ထူးပြီး ရုန်းကန်နေဦးမယ့်အသင်း မဟုတ်ဘူး။ ဒါကြောင့် ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲ ရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။
ဘီလ်ဘာအို - ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၃၀ နာရီ)
ဘီလ်ဘာအိုကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာနေပြီဆိုတော့ ဘာစီလိုနာကို လွတ်လွတ်လပ်လပ်ဧည့်ခံက စားခွင့်ရထားတယ်။ ဘာစီလိုနာကတော့ ချန်ပီယံဖြစ်ပြီးတာနဲ့ ကစားခဲ့တဲ့ ဗီလာရီးယဲလ်ကို ရှုံးထားပြီး အခုနောက်ဆုံးပွဲကိုလည်း သရုပ်ပြပွဲသာသာ ဆက်ကစားဦးမယ့်ပုံပါပဲ။ အသင်းကိုလည်း အခုမှ လူအပြောင်းအလဲစိတ်ကြိုက်လုပ်ပြီး ကစားနေပေမဲ့ ခံစစ်ကစားပုံဆက်ပြီး ဆိုးရွားနေသေးလို့ ဘီလ်ဘာအိုကွင်းမှာလည်း အိမ်ရှင်ကို မနည်းထိန်းရဦးမှာ သေချာတယ်။ ဂိုးအများ သရေပွဲလောက်ပဲ မှန်းထားချင်တယ်။















